❤ My Little Ko Ko❤ part 1

19.5K 436 6
                                    

💫 Unicode version 💫

" မောင်.... မောင်လို့  ခေါ်နေတယ်လေ ''

မှန်တံခါးတွေရဲ့ အပြင်ဘက်က ရောင်စုံမီးတွေနဲ့လှနေတဲ့ညရူခင်းကို ကြည့်နေတုန်း နောက်ဖက်မှကောင်မလေး၏ ခေါ်သံကြောင့် သောက်လက်စ ဆေးလိပ်ကို ခွက်ထဲထိုးချေကာ...

" ငါ ဒီနေ့စိတ်မပါလို့ ပြန်လိုက်တော့ ငါ့အတွင်းရေးမှူးဆီက ကြိုက်သလောက်တောင်းသွားလိုက်"

ပြောပြီး ရေချိုးခန်းထဲဝင်ခဲ့ကာ ရေချိုးပြီး bathrobe တစ်ထည်ကောက်ဝတ်ကာ ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်တော့ တစ်ဘက်မှ

" Hello.... boss"

" ငါ စုံစမ်းခိုင်းထားတဲ့ကိစ္စ သိရပြီလား "

" ဟို boss သူ့ကိုမသိကျဘူးပဲ ပြောကြတယ် သူ့မိဘတွေလို့ ထင်တဲ့သူကလဲ သူတို့မှာ ဒီလိုသားမျိုး မရှိဘူးလို့ပြောတယ် boss "

" 2 ရက်အတွင်း မရရအောင် စုံးစမ်းပြီး ငါ့ရှေ့ကို ခေါ်လာခဲ့ ဒါပဲ "

ဖုန်းချပြီးတာနဲ့ အပြင်းစား ဝိုင်တစ်ခွက်ကို အရသာရှိရှိ ဇိမ်ခံသောက်နေရင်း.... သူနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေဆီသို့

🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

" ရှင်းသန့်...... မင်းဒီနေ့တော့ အမူးသောက်ရမယ် ငါ့ကောင်ကြီး "

"အေ့...ဟုတ်တယ် မင်းက သူငယ်ချင်း အရင်းဆိုပေမယ့် ဆုံရခဲတဲ့ ကောင်ကွ "

ဇေယျ ရဲ့စကားကို ရေချိန်ကိုက်နေပြီဖြစ်တဲ့ ခွန်းမာန် မှဝင်၍ထောက်ခံနေခြင်းဖြစ်သည် ။

" အေးပါကွာ....မင်းတို့နဲ့ ဒီတစ်ညလုံး နေပေးမယ်ဟုတ်ပြီလား..ဒါနဲ့ အာကာပိုင် ရော "

" အောက်ထပ်မှာ ဇယားလာရှုပ်နေလို့ သွားရှင်းပေးနေတာဟေ့... မောတာကွာ "

ပြောလဲပြော ရှင်းသန့်ဘေး ဝင်ထိုင်ကာ ရေမရောထားတဲ့အရက် ကို တစ်ကျိုင့်ထဲ မော့သောက်ပစ်လိုက်ပြီး

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now