Part 12

18.5K 554 23
                                    

Unicode

ဒီနေ့ နှင်းဆေးရုံကနေဆင်းတဲ့နေ့။
မင်းမြတ်ကတော့ ဟိုနေ့နောက်ပိုင်းတစ်ရက်မှရောက်မလာခဲ့ပေ။ဒီနေ့ဝဏရယ်ကြီးစန်းရယ် နှင်းကိုလာကြိုကြသည်။

"သမီးသက်သာတယ်မလား"

"ဟုတ်ကြီးစန်း သက်သာပါတယ်"

"ဆရာဝန်ကရောဘာမှာလိုက်သေးလဲ"

"ဆေးမှန်မှန်သောက်ဖို့ရယ် လက်ကဒဏ်ရာကိုအထိအခိုက်မခံဖို့ရယ်မှာလိုက်တယ်ကြီးစန်း"

"အော် ဟုတ်ပြီ သမီး"

အိမ်ပြန်ရောက်တော့မင်းမြတ်အိမ်မှာရှိမနေ။

"သမီးအခန်းထဲသွားနားတော့လေ အိမ်အလုပ်တွေမလုပ်နဲ့ဦး"

"ဟုတ် ကြီးစန်း"

နှင်းအခန်းထဲဝင်ပြီးအိပ်ယာပေါ်လှဲနေမိသည်။
အတွေးများစွာ နယ်ချဲရင်းနဲ့ပေါ့

မင်းမြတ် အကြောင်းစုံကိုရှင်းပြပြီးနောက်ပိုင်း နှင်းညဆိုရင်တောင်အိပ်မပျော်တော့။

တကယ်ဘဲ အမေတို့အဖေတို့ကအဲ့လိုလုပ်ခဲ့တာလား။
တကယ်သာဆိုရင် တော်တော်ရက်စက်ကြတာဘဲ။
တကယ်မဟုတ်ဖို့လည်းအကြိမ်ကြိမ်သာဆုတောင်းမိသည်။
ဒါပေမယ့် ဒီအချိန်မှာနှင်းလုပ်နိုင်တာဘာတစ်ခုမရှိ။မင်းမြတ်ကိုတောင်းပန်ရုံကလွဲပြီး။

"အဖေနဲ့အမေရယ် ဘာလို့ဒီလိုလုပ်ခဲ့တာလဲ"

---

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် နှင်းအိပ်ပျော်နေရာမှထပြီး တံခါးထဖွင့်လိုက်သည်။

"Boss ကခေါ်ခိုင်းလိုက်လို့ပါ"

"အော် ဟုတ်"

ဝဏ လာခေါ်တာကြောင့်နှင်းလည်းမင်းမြတ်ရှိရာကိုသွားလိုက်၏။

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

အခန်းထဲဝင်လာလိုက်တော့မင်းမြတ်နဲ့အတူမိန်းကလေးတစ်ဦး။ဆံပင်အတိုကိုမှဖြောင့်ထားပြီးအဝတ်အစားတွေက ခေတ်ဆန်ဆန် စကပ်အတိုနဲ့အပေါ်ကဂျင်းအင်္ကျီနဲ့ ရုပ်ရည်ကလည်းတော်တော်လှသည်။ အသားကလည်းဖွေးဥလို့။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now