Chapter(251) - Escape Through the Night

4.2K 947 30
                                    

Unicode

အခန်း(၂၅၁)
 Escape Through the Night

ယန်ထျန်းဟန်ရဲ့မိဘများကနောင်အနာဂတ်မှာအားကိုးလို့ရမလားဆိုတာကိုလင်ရွှမ်းဇီအတည်ပြုချင်နေတယ်ဆိုတာကိုဖုန်ကျင်းယွီနားလည်လိုက်တာကြောင့်ခဏတဖြုတ်တွေးလိုက်ပြီးနောက်မှာအမှန်အတိုင်းသာဖြေလိုက်သည်။

"အကယ်၍သူ့အဖေသာအစောကြီးကတည်းကသူ့ဖေဖေကစေတန်နတ်ဆိုးမျိုးနွယ်စုကဆိုတာသိခဲ့မယ်ဆိုရင်ယန်ထျန်းဟန်ကိုမွေးဖွားလာခွင့်မပြုရုံတင်မကဘူးယန်ထျန်းဟန်ရဲ့ဖေဖေကိုတောင်သူ့မိဖုရားအဖြစ်လက်ထပ်ခဲ့မှာမဟုတ်ဘူး"

လင်ရွှမ်းဇီ , "..."

ဖေဖေ?

ထိုစကားတစ်ကြောင်းထဲမှာသတင်းအချက်အလက်တော်တော်များများပါသွားပုံရသည်။

ဖုန်ကျင်းယွီရဲ့အဆိုအရဆိုရင်ယန်ထျန်းဟန်ကစေတန်နတ်ဆိုးအမျိုးသားရဲ့ဗိုက်ထဲမှမွေးဖွားလာခဲ့ပုံပေါ်သည်။

သို့သော်အမျိုးသားတစ်ယောက်ကကိုယ်ဝန်ဆောင်ရခြင်းမှာနယ်မြေကြီးကိုးခုမှာဖြစ်ပေါ်ဖူးသည်။အရင်ဘဝတုန်းကသူဝိဉာဉ်အဖြစ်နဲ့နေထိုင်စဉ်တွင်လင်ရွှမ်းဇီကနယ်မြေကြီးကိုးခုတစ်လျှောက်လုံးလှည့်လည်သွားလာဘူးပြီးအမျိုးမျိုးသောအရာများကိုမြင်ဘူးခဲ့သည်။ထို့ကြောင့်တစ်ခါမှမကြားဘူးတဲ့သူတစ်ယောက်လိုမဖြစ်နေပေ။

လင်ရွှမ်းဇီကစဉ်းစားလိုက်ပြီးနောက်မှာယန်ထျန်းဟန်မိဘများရဲ့ကျားမအကြောင်းကိုစိတ်ပူပန်ခြင်းမရှိတော့။

"အဲ့ဒီတော့မင်းပြောချင်တာကအားဟန်ရဲ့အဖေနဲ့သူ့မိဖုရားကြားထဲကဆက်ဆံရေးကသိပ်ပြီးမကောင်းဘူးပေါ့"

"ဒီအတိုင်းဆိုးယုံတင်မဟုတ်ဘူး;အနာဂတ်ဟောသူဆီကနေယန်ထျန်းဟန်ကကမ္ဘာကြီးတစ်ခုလုံးကိုပရမ်းပတာဖြစ်စေမယ့်စေတန်နတ်ဆိုးဖြစ်လာမယ်ဆိုတာနဲ့ထူးခြားတဲ့မီးဖိုတစ်လုံးပါဖြစ်မယ်ဆိုတာကိုကြားကတည်းကသူ့အဖေနဲ့မိဖုရားကလုံးဝကိုတစ်ယောက်နဲ့တစ်ယောက်ကွဲသွားကြတာ"

ဖုန်ကျင်းယွီသည်အတိတ်အကြောင်းအရင်းများကိုပြန်ပြောရင်းခံစားချက်များနဲ့သက်ပြင်းချမိသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now