❤ My little ko ko ❤ part 3

6.4K 263 14
                                    

💫 Unicode version 💫

တစ်လပင်ပြည့်ခဲ့ပြီ..... ရှင်းသန့် တစ်ယောက်သောသူကို စုံစမ်းနေခဲ့တာ... နာမည်လေးတစ်ခုသာ သိပြီး ဘယ်မှာနေတယ် ဘာလုပ်တယ်ဆိုတာ မသိတဲ့အပြင် ပုံပြပြီး ရှာရအောင်လဲ မိမိမှာ ရှိတာဆိုလို့ ကျောင်းသားကဒ်ထဲ ကမျက်မှန်ဝိုင်းလေးနဲ့ ပုံသာရှိပြီး အဲ့ပုံပြလဲ မသိဘူးသာ ပြောသဖြင့်.. မိမိအဖြစ်မှာ ကောက်ရိုးပုံထဲ အပ်ရှာနေသလိုပင် ဖြစ်နေသည်။

ဒီမနက် ရှယ်ရာရှင်အစည်းအဝေး ရှိသဖြင့် ညက ထူးမြတ်ပို့ထားတဲ့ mailတွေတစ်ချက်ပြန်စစ်နေတုန်း အာကာဆီမှ ဖုန်းဝင်လာသဖြင့်.....

" hello "

" ရှင်းသန့်... ဒီနေ့ဘာနေ့လဲ မင်းသိလား .. "

အာကာရဲ့အမေးကြောင့် တစ်ချက်စဥ်းစားလိုက်ပြီ..
' ဟုတ်သား ဒီနေ့ ဒီကောင်တွေနဲ့ဆုံရမယ့်ရက်ပဲ '
တအမြဲမဆုံဖြစ်ပေမယ့် တစ်လကို နှစ်ခါတော့ ဆုံနေကြမို့ အရေးကြီးကိစ္စမရှိပါက မပျက်ကွက်ကျေးပင်...

" ဟျောင့်...ငါပြောတာကြားလား "

အာကာအသံကြားမှ အတွေးစပြတ်သွားကာ ခပ်တည်တည်နဲ့

" အေး..ဒီနေ့က သောကြာနေ့လေ..ပြီးတော့ လကုန်ရက် ဘာလို့လဲ မင်းဆိုင်မှာ calendar မရှိလို့လား "

" မင်းကွာ.... ငါစကားအကောင်းပြောနေတာကို "

ထိုအချိန်ထူးမြတ်မှ အခန်းထဲဝင်လာကာ

" boss ရှယ်ယာရှင်တွေ စုံနေပါပြီ "

ထူးမြတ်ကို ခေါင်းတချက်ငြိမ့်ပြကာ စာပွဲခုံပေါ်က macbook ကိုကောက်ယူလိုက်ပြီး

" ဒါပဲနော် ငါအရေးကြီးကိစ္စလေးရှိလို့..."

ပြောပြီး ဖုန်းချကာ metting room သို့ဝင်လာခဲ့သည်...

..............................................................

" ဘာတဲ့လဲ အာကာ လာမှာတဲ့လား "

ခွန်းမာန်ရဲ့ အမေးကို ခေါင်းခါပြကာ

" သူ့မှာ အရေးကြီး ကိစ္စရှိတယ်တဲ့ မလာဖြစ်လောက်ဘူး ထားပါ သူကမအားတဲ့သူပဲ တခါတလေ မပါလဲဘာဖြစ်လဲ ငါတို့ပဲ အပြတ်ကဲမှာပေါ့ "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now