Chapter _ 33

22.6K 1.5K 106
                                    

Unicode
********

𝐖𝐚𝐫𝐧𝐢𝐧𝐠 : 𝐓𝐡𝐢𝐬 𝐩𝐚𝐫𝐭 𝐦𝐚𝐲 𝐜𝐨𝐧𝐭𝐚𝐢𝐧 Bloody
, Six different. 𝐑𝐞𝐚𝐝 𝐚𝐭 𝐲𝐨𝐮𝐫 𝐨𝐰𝐧 𝐫𝐢𝐬𝐤.

မြင့်မားခိုင်ခံ့သည့်တံတိုင်းကြီးဖြင့်ကာရံ
ထားသည့်သီးသန့်နေရာတစ်ခုက X မြို့
နှင့်အနည်းငယ်အလှမ်းဝေးလှသည့်နေရာ
တွင်သီးသန့်ဆန်စွာတည်ရှိနေသည် ။
မှိုင်းညို့နက်မှောင်နေသည့်တံတိုင်းပေါ်
တွင်ဗို့အားအမြင့်ဆုံးလျှပ်စစ်သံကြိုးတွေ
တပ်ဆင်ထားတာကြောင့်ဒီနေရာကငရဲ
တစ်ခုအလား....။

တံတိုင်းအမြင့်နှင့်နီးတူတပ်ဆင်ထားသည့်
သံတံခါးကြီးပွင့်သွားပြီးတဲ့နောက် ခြံထဲကို
အနက်ရောင်ကားတွေနှင့် Rolls_Royce
SUV ကားတစ်စီးဝင်ရောက်လာခဲ့သည် ။
အခိုင်အမာတည်ဆောက်ထားသည့်လက်
နက်တိုက်ကခြံတံခါးကနေပင်မမြင်နိုင်
သည့်အကွာအဝေးတစ်ခုတွင်တည်ရှိနေ
သည်မို့ မာန် တို့၁၀မိနစ်ခန့်ကားစီးဖို့လို
အပ်နေသေးသည် ။

နက်စွေးနေသည့် ၂ ထပ်တိုက်အနီးတွင်
ကားရပ်လိုက်တာကြောင့် မာန် ကားပေါ်
ကဆင်းလိုက်သည် ။ ပုံမှန်အိမ် ၇ လုံးစာ
ကိုအလျားလိုက်အနေအထားဖြင့်ဆောက်
လုပ်ထားသည့် ၂ ထပ်တိုက်ရှည်ကအပြင်
ပန်းကြည့်တော့သာ ၂ ထပ်ပုံစံဖြစ်ပေမယ့်
မြေအောက်တွင်လျှို့ဝှက်ခန်း ၂ ခန်းကျန်
ရှိနေသေးသည် ။

{ ယန်ရှု ဘယ်မှာလဲ }

{ ယန်ရှု ကရေချိုးပြီးတော့ ခြံထဲမှာနေပူဆာ
လုံနေပါတယ်...သခင်ကြီး }

မာန့် အမေးကိုဒီနေရာမှာတာဝန်ပေးခြင်း
ခံထားရသည့် ဂိုဏ်းသားတစ်ဦးကရိုရိုသေ
သေဖြေလာသည် ။ လက်နက်တိုက်အနောက်
တွင်စိမ်းစိုလှပသည့်မြက်ခင်းပြင်ကျယ်ကြီး
တစ်ခုလုံးက ယန်ရှု ပြေးလွှားဆော့ကစားရာ
နေရာပင် ။ မာန် ကမြေပြင်ကျယ်ကြီးတစ်ခု
လုံးကိုသံဇကာတွေဖြင့်ခတ်ထားစေပြီး ယန်
ရှု ကိုထိုမြက်ခင်းပြင်ကျယ်ထဲမှာလွတ်လွတ်
လပ်လပ်နေစေသည် ။

မာန့် ခြေလှမ်းတွေကိုလက်နက်တိုက်ရဲ့
လျှို့ဝှက်မြေအောက်ခန်းဆီဦးတည်လိုက်
တာကြောင့် ဘုန်းမင်း နဲ့ကျန်တဲ့ဂိုဏ်းသား
တွေကနောက်ကနေခပ်မှန်မှန်လိုက်လာခဲ့
သည် ။ ဝါကျင်ကျင်မီးလုံးတွေထွန်းထား
သည့်မြေအောက်ခန်းကအရမ်းမှောင်မိုက်
မနေခဲ့ပါ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now