❤ My little ko ko ❤ Part 5

5.7K 257 1
                                    

💫 Unicode version 💫

ဟိုနေ့ညပြီးသွားထဲက နောင်ကို သူတို့နဲ့ ထပ်မဆုံအောင် ရှောင်ရမည်ဟု တွေးခဲ့ရလေ သည်။

သို့သော် သူတွေးသလို ဖြစ်မလာခဲ့ဘူးဆိုတာသာသိ ခဲ့ရင်

ဟန်ငြိမ်းမှာတော့... မိမိအား တစ်ပတ်တခါတော့ လာတွေ့ရှာသည်။ အခုဆို အရင်လိုညပင် မအားတော့ပေ...ကျောင်းဖွင့်ဖို့ လတွေနီးလာတော့ ကျူရှင်စရိတ်တွေအတွက်ကြောင့် အပိုဝင်ငွေရအောင် cafeဆိုင်တွင် အချိန်ပိုင်းအလုပ်ဝင်လုပ်နေခြင်းပင်...

" ခန့်......table 7ကို ဒါလေးသွားချပေးပါအုံး "

"ဟုတ်ကဲ့..."

သွက်လက်စွာပင် ပြန်ဖြေကာဗန်းလေးမကာ စာပွဲသို့ စားစရာများချပေနေတုန်း...

" နေကောင်းတယ်နော်....ခန့်လေး "

ထိုအသံကြောင့် လက်များပင်ရပ်တန့်သွားကာ မော့ကြည့်လိုက်တော့ မိမိအား စူးစိုက်ကြည့်နေတဲ့ သူကြောင့်...

" မင်း....မင်း...ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

" ဘာလဲ.. ကော်ဖီလာသောက်တာလေ ဒါတောင်မရဘူးလား "

သူ့အပြောမှာ မှန်နေသဖြင့် ဘာမှပြန်မပြောတော့ဘဲ စရာများချပေးကာ လှည့်ထွက်ခဲ့သည်။

.................................................................

ရှင်းသန့်... သူ့ကို တွေ့ပြီးတဲ့နေ့ထဲက လူလွှတ်ကာ စုံးစမ်းခိုင်းတော့ သူ့အကြောင်းတွေအကုန်သိသည့်အပြင်..ခွန်းမာန်ရဲ့ ချစ်သူကိုဟန်ငြိမ်းရဲ့ သူငယ်ချင်းဆိုတာပါသိခဲ့သည်။

ဒါကြောင့် ခွန်းမာန်ကိုအကြောင်းစုံပြောပြပြီး ပထမဆုံး ကိုဟန်ငြိမ်းနဲ့ ရင်းနှီးမှုယူကာ ခွန်းမာန်မှတဆင့် တွေ့လို့ရအောင် ညစာဖိတ်ခိုင်းခြင်းပင်....

ခုလဲ ဒီမှာ အချိန်ပိုင်းလုပ်နေတယ်ဆို၍ တမင်လာခဲ့ခြင်းပင်....

' ခန့်လေး.... ဘယ်လိုရှောင်ရှောင် ခင်ဗျားကျတော့လက်က မလွတ်ပါဘူး '

အချိန်အားဖြင့်....ဆိုင်ပိတ်ချိန်ရောက်လာသဖြင့်...
သိမ်းဆည်းပြီးတာနဲ့ နှုတ်ဆက်ကာ ပြန်ခဲ့သည်။
တိုက်ခန်းနဲ့ မဝေးသဖြင့်.. လမ်းလျောက်ပြန်ခဲ့ခြင်းပင် သို့သော် မိမိနောက်မှ တစ်ယောက်ယောက်လိုက်နေသလို ခံစားရသဖြင့် မြန်မြန်လျောက်ကာ... လမ်းဖြတ်ကူးပြီး ခြံဝင်းထဲသို့ မပြေးရုံတမယ် ပြေးခဲ့ရလေသည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now