Part 13

18.9K 584 55
                                    

Unicode

"အင်း ပြော"

"ဘာ ရှာတွေ့ပြီ!"

နောက်ဆုံးတော့ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ

မင်းမြတ်ဖုန်းတောင်မဆုံးလိုက် ချက်ချင်းထသွားတော့သည်။

"ဘယ်သွားမလို့လဲ"

နှင်းမေးတာကိုတောင်မကြား ဒုန်းစိုင်းထွက်သွား၏။

မင်းမြတ်ကားမောင်းရင်း လက်တွေတုန်ကာစိတ်တွေလှုပ်ရှားနေ၏။

"နောက်ဆုံးတော့ရှာတွေ့ပြီ နောက်ဆုံးတော့ နောက်ဆုံးတော့ ရှာတွေ့ပြီ"

"ကျွီ"

ဂိုထောင်တံခါးဖွင့်လိုက်သည်နဲ့အထဲ၌ လူတစ်ဦးဒဏ်ရာဒဏ်ချက်တွေနှင့်အတူ ခုံပေါ်မှာကြိုးတွေနဲ့တုပ်ခံထားသည်။ဘေးတွင်လည်းလူမိုက်လေးငါးဦးနှင့်။ ထိုသူကတော့

"ဦးမင်းမဟာ"

လွန်ခဲ့သောရက်အနည်းအငယ်က

"ဝဏ မင်းကိုငါစုံစမ်းခိုင်းထားတာသိရပြီလား"

"ဟုတ်ကဲ့ Boss ဒါကအဲ့အနီးအနားက CCTV ပါ"

ဝဏပြတဲ့ CCTV Video ကို သူကြည့်လိုက်သည်။
အခုသူဟိုရက်က နှင်းအဒေါ် ဒေါ်ယမုံခင်ကားတိုက်ခံရတုန်းကတိုက်တဲ့သူအား လိုက်စုံစမ်းနေခြင်းဖြစ်သည်။

"ဒါ ဒါက ဦးမင်းမဟာဘဲ"

ဟုတ်ပါသည်။ဦးမင်းမဟာပါ။ဦးမင်းမဟာကကားနဲ့ ဒေါ်ယမုံခင်ကိုတိုက် ကားကိုမောင်းပြေးသွားပြီး အဲ့ကားကိုလူမရှိတဲ့နေရာမှာရပ်ထားခဲ့သည်။
မင်းမြတ်တို့အဲ့ကားနံပါတ်ကိုလိုက်စုံစမ်းရင်းသိခဲ့ရတာက အဲ့ကားကအခိုးခံထားရတဲ့ကားဖြစ်နေပြီး ခုတော့မောင်းတဲ့သူကဦးမင်းမဟာဖြစ်နေလေရဲ့။တွေ့ဆုံဖို့ကံပါပြန်တော့လဲကံကြမ္မာကမတွေ့တွေ့အောင်အကြောင်းဖန်ပေးလေသည်။

"ဦးမင်းမဟာ ခင်ဗျားမသေသေးဘူးပေါ့လေ
ဝဏ ဦးမင်းမဟာကိုအသေရရအရှင်ရရမြေလှန်ပြီးတော့ လိုက်ရှာ"

"ဟုတ်ကဲ့ Boss"

"ဦးမင်းမဟာ"

အထိုးခံထားရတာတွေကြောင့်‌ခေါင်းမူးနေရာကခေါ်သံကြားလို့ခေါင်းထောင်ကြည့်လိုက်တော့ ခေါ်သည့်သူကလူငယ်လေးတစ်ဦး။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now