❤ My little ko ko❤ Part 6

5.1K 235 1
                                    

💫 Unicode version 💫

တစ်ကိုယ်လုံးကိုက်ခဲကာ လူကဖျားခြင်သလိုဖြစ်နေတာနဲ့ မနက်စာပင် ထမစားကာ အိပ်နေခြင်းပင်... တံခါးကိုအဆက်မပြတ်ခေါက်နေသဖြင့် ခွန်းမာန်တို့ မနက်စာ လာပို့ခိုင်တယ်အထင်နဲ့.. ဖွင့်လိုက်တယ်ဆို

" ဟင်...ခန့်လေး ဘာကိစ္စလဲမသိဘူး "

လူကို ခန့်လေး ခန့်လေးနဲ့ သူ့ထက်အငယ်ကျနေတာပဲ
မျက်မှောင်ကြီးကို အတင်းချိုးထားကာ

" မင်း... နေမကောင်းလို့ မနက်စာ ထွက်မစားဘူးဆိုလို့ ယူခဲ့ပေးတာ စားလိုက် "

ပြောပြီး စာစရာတွေကို လက်ထဲထိုးထည့်ပေးကာ လှည့်ထွက်တော့...

" ကျတော်ကို စိတ်ပူတယ်ဆိုပါတော့ ကျေးဇူးပါ ခန့်လေး ကျွေးတဲ့မနက်စာကို ကောင်းကောင်းစားပါ့မယ် "

သူ့အပြောကြောင့်...

" မနေ့က အကြွေးတင်သွားလို့ အကြွေးပြန်ဆပ်တာ လိုရာတွေးပြီး လေပေါ်တက်မနေနဲ့ "

ပြောပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။

ကျန်ခဲ့တဲ့ ကောင်လေးမှာတော့ ပျော်ရွှင်စွာနဲ့ မနက်စာကို သုံးဆောင်နေလေသည်။

...........................................

ည 7နာရီလောက်ကျတော့... Hotel ရှေ့က ပန်ခြံလေးနဲ့ သောင်ပြင်စပ်မှာ မီးပုံဖိုကာ ပွဲကို ကျင်းပနေလေသည်။ မိမိတို့အဖွဲ့အပြင်... ဇေယျာ နဲ့ အာကာတို့နဲ့ အဖွဲ့ကျနေတဲ့ ကောင်မလေးတွေ တစ်ဖွဲ့ရယ်.... မိမိတို့ထက် တစ်ရက်နောက်ကျမှ ရောက်လာတဲ့ တက္ကသိုလ် ကျောင်းသား သူငယ်ချင်းတစ်ဖွဲ့ဖြင့် လူစည်းကားနေသည်။

မိမိတို့က ယောကျာ်း လေးတွေပဲ ဖြစ်နေသည့်အပြင် ဇေယျာနဲ့အာကာမှာ အပြောချိုသလို ရှင်းသန့်မှာလဲ ခပ်တည်တည်ဖြင့် ဆွဲဆောင်မှု ရှိနေသောကြောင့် မိန်းကလေးတွေ အကြိုက်ပင်ဖြစ်နေသည်။

ခန့်လဲ ဘာများလုပ်ပေးရမလဲ ကြည့်လိုက်တော့ အားလုံးမှာ ပြီးစီးနေကာ အကင်တွေကိုတော့ hotel က ဝန်ထမ်းလေးများက လုပ်ပေးနေကြသည်။

မီးပုံဘက်သွားတော့ ဟန်ငြိမ်းမှ...

" ခန့်လေး လာဒီမှာလာထိုင် "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now