FOD Extra 1_ Chapter (10-2) (Z+U) - နှစ်ယောက်တည်းကမ္ဘာ

5.1K 793 33
                                    

FOD Extra 1_ Chapter (10-2) (Z+U) - နှစ်ယောက်တည်းကမ္ဘာ

ရွှယ်လီဒန်နီသည် သူမရဲ့သမီးရှေ့တွင် ဒီလိုသွေးပျက်စရာစကားကို ပြောလိုက်သည့် သားကြောင့် စိတ်ထိခိုက်သွားရှာမည့်သမီးလေးကို ဖေးမရန် ရွှယ်ကျင်းရီဘေးကို ကပျာကယာပြေးလာခဲ့သည်။

သို့သော် ရွှယ်ကျင်းရီက ဒီလိုဖြစ်လာမည်ကို ကြိုတင်တွက်ဆပြီးဖြစ်လို့ သူမ နှလုံးက ခံနိုင်ရည်ရှိနေသည်။

သူမကွှရွှယ်မေမေ၏လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး အံတင်းတင်းကြိတ်ကာပြောလိုက်သည်။

-" အမေ၊ သမီးကိုပြောပါ ဦး ။ အမေတို့ ဟွိုင်ရီကိုပြန်ခေါ်လာတာက သမီးရဲ့နှလုံးကို အစားထိုးပေးဖို့လားြ "

နောက်ဆုံး စကားလုံး ကိုပေါ့ပေါ့ပါးပါး မေးလိုက်တာဖြစ်ပေမယ့် ရွှယ်လီဒန်နီက အရမ်းကို တုန်လှုပ်သွားခဲ့သည်။

သူမ၏သမီးအခြေအနေကို သူမ ခန့်မှန်းထားခဲ့ပြီးနောက် သူမတို့လင်မယားက ဒီဆယ်ကျော်သက်ကောင်လေးကို ရှာဖွေခေါ်ဆောင်ကာ မွေးစားသမီး၏ နှလုံးအတွက် အစားထိုးပေးရန်လုပ်ခဲ့ပေမယ့် သားကြီးဖြစ်သူက အတင်းဟန့်တားနေသောကြောင့် ဒီအစီအစဉ်ပျက်သွားခဲ့သည်။ အခုလည်း ဘယ်လိုမှ လှည့်စားပြောဆိုလို့မဖြစ်တော့သဖြင့် သူတို အမှန်တရားကိုသာ ဝန်ခံရတော့သည်။

သူမစကားကို ဒီအကြောင်းတွေ ပြောပြပြီးနောက် ရွှယ်လီဒန်နီက သူမသမီးပြောလာမည့် စကားတွေကို မကြားနိုင်သဖြင့် မျက်နှာကို လက်ဝါးဖြင့်အုပ်ထားကာ မျက်လုံးချင်းမဆိုင်ရဲတော့ပေ။

ဟုတ်တယ်။ သူမက ဒါက လူသတ်မှုဖြစ်ကြောင်း ဝန်ခံခဲ့ရသည်

လူအရှင်လတ်လတ်ကို နှလုံးတူးထုတ်ယူတယ်ဆိုတာ အပြစ်တစ်ခုပဲလေ။

သားဖြစ်သူကို ထိုကောင်လေးကို သွားခေါ်ရန် အတင်းအကျပ်ခိုင်းစေပြီးနောက် သူမသည် စိတ်မသက်မသာဖြစ်ပြီး ဒါတွေက သူမရဲ့သမီးကို ကယ်ဆယ်ဖို့လုပ်ရတယ်ဆိုတာကို သူမ ဝန်ခံခဲ့သည်။

" သမီး...ကျင်းရီ.... မင်းအဖေနဲ့ငါက မင်းအတွက် သင့်တော်တဲ့ နှလုံးသား နောက်တစ်ခုကို ရှာတွေ့မှာပါ။ အဲဒီအချိန်တုန်းက ငါတို့ လမ်းလွဲသွားခဲ့မိတယ်။ ဒီလိုမျိုးလုပ်ဖို့ ငါတို့ဘယ်လို စဉ်းစားမိမှာလဲ။ သူက ဒီကမ္ဘာမှာ မင်းရဲ့ တစ်ဦးတည်းသောသွေးသားရင်းပဲလေ "

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now