Real Baby V/S Fake Baby

1.8K 93 10
                                    

*BONUS PART*
°°°°°°°°°°°°°°°°°°°°°

Unicode

"Hello ဆရာလား အမေရယ်ဗိုက်နာလို့တဲ့ ကျွန်တော်ဘာလုပ်ပေးရမှန်းမသိလို့"

ပိတ်ရက်မှာအေးဆေးနားမယ်လို့လုပ်ကာမှဝင်လာတဲ့ဖုန်းကြောင့်ဆေးရုံကိုအမြန်ပြေးရတော့တယ်
အရေးရယ်အကြောင်းရယ်ဆို P'Chan တစ်ယောက်က လေယာဥ်တက်နေတာများတယ်
ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြောသူ့မိန်းမကလေးမွေးတာအထိလိုက်ပေးရတာတော့နည်းနည်းလွန်သွားပြီ

"ဒီက အမျိုးသားလားရှင့်"

"ဟာ ပေါက်ပေါက်ရှာရှာဗျာ မဟုတ်ပါဘူး"

အခုမှ 18 နှစ်လောက်ရှိသေးတဲ့ ဆရာပေါက်စကို သူမို့လို့အမျိုးသားလားလို့မေးရက်တယ်

"ဒါဆိုဘယ်လိုတော်တာလဲမသိဘူး"

"မိတ်ဆွေပါ သူ့အမျိုးသားကခရီးသွားနေလို့"

"ဒါဆိုလက်မှတ်တော့ထိုးပေးလို့ရတယ်မဟုတ်လား
ကလေးကဒီတိုင်းမွေးလို့အဆင်မပြေလို့ ခွဲမွေးရမှာ"

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်လက်မှတ်ထိုးပေးပါ့မယ်"

လူပျိုလေးဖြစ်ပြီးကလေးအဖေနဲ့အမှားခံရတာအောင့်သက်သက်နဲ့ခံရဆိုးလိုက်တာဆိုတာလေ
P'Chanကိုဖုန်းဆက်ပြီးရန်တွေ့တော့လည်းဘာမှမထူးဘူး
အားနာလိုက်တာသာထပ်ခါတလဲလဲပြောနေတော့ကိုယ်ကတောင်ပြန်အားနာလာတဲ့အဖြစ်

"မွေးပါပြီရှင်"

"ဘာလေးလဲ ဆရာမ"

"ယောက်ျားလေးပါ"

"ကြည့်လို့ရပြီလားဟင်"

"ဟုတ်ကဲ့ခဏနေ Room ပြောင်းပြီးရင်ကြည့်လို့ရပါပြီ"

ကလေးချစ်တတ်တဲ့ကိုယ်ကအခုလိုကျပြန်တော့လည်းအသည်းမမာနိုင်တော့ဘူး
Nut တစ်ယောက်လည်း ညီလေးရတာဆိုတော့ပျော်နေလေရဲ့
P'Chanကိုသာရှိရင်အမပိုပြီးပျော်မှာ

Sex At 7/11 (completed)Where stories live. Discover now