Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု

3.8K 938 83
                                    

Unicode

အခန်း(၂၅၆) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု

သွမ့်ကျုံတဲ့ရဲ့နှလုံးသားကထိတ်လန့်သွားမိသည်။ယနေ့အချိန်မှာလင်မိသားစုကဒီရေလိုမြင့်တက်နေတာဖြစ်သောကြောင့်သူတို့ရဲ့တပည့်များအားသူအလွယ်တကူထိတွေ့လို့မရပေ။

သွမ့်ကျုံတဲ့ကမျက်မှောင်ကျုံ့လိုက်သည်။

"တူလေးရွှမ်းဇီ,ဒါကသွမ့်မိသားစုကိစ္စပါ...မင်းကလင်မိသားစုရဲ့ပထမသားဆိုတော့မင်းအနေနဲ့သွမ့်မိသားစုရဲ့ဥပဒေကိုအခွင့်မရှိပဲချိုးဖြတ်ဖို့သင့်တော်မယ်မထင်ဘူး"

လင်ရွှမ်းဇီကခေါင်းညိတ်ပြသည်။

"အဲ့ဒါကတကယ့်ကိုမသင့်တော်ဘူးဒါပေမဲ့ကိစ္စကအရေးပေါ်ဖြစ်နေတာလေ...ယွီယန်ကကျုပ်ရဲ့သူငယ်ချင်း...အကယ်၍သူ့ဆီမှာတစ်စုံတစ်ခုဖြစ်သွားရင်ကျုပ်အနေနဲ့လျစ်လျူရှုလိုက်ဖို့နှလုံးသားမဲ့လွန်းရာကြတယ်"

"တော်လိုက်တော့一" သွမ့်ယွီဟောင်ကမထီမဲ့မြင်အမူအယာကိုပြလိုက်ပြီးနောက်သေချာစဉ်းစားလိုက်သည်။

"မဟုတ်မှလွဲရော....ကျုပ်အကိုအကြီးဆုံးရဲ့ဗိုက်ထဲကခွေးကောင်လေးက...ခင်ဗျားဟာလား?"

"အကယ်၍ငါ့ဗိုက်ထဲက,ကလေးကခွေးကောင်လေးဆိုရင်ငါလည်းခွေးကောင်ပဲငါ့အဖေလည်းခွေးကောင်ကြီးပဲပြိးတော့ကောင်စုတ်လေး...မင်းကလည်းခွေးကောင်ကြီးရဲ့သားပဲ" သွမ့်ယွီယန်မှာထက်ရှတဲ့လျှာရှိသည်။ထို့ကြောင့်ချက်ချင်းပင်သူ့ကိုဆုံးမတော့သည်။အကယ်၍သွမ့်ယွီယန်ကသူ့ကိုပဲစော်ကားတာဆိုရင်သူဒီအတိုင်းကျော်ပေးလို့ရပေမယ့်သူကသူ့ဗိုက်ထဲကအသေးလေးကိုပါစော်ကားနေသည်လေ...ဒါကိုတော့သွမ့်ယွီယန်အနေနဲ့လုံးဝသည်းမခံနိုင်ဘူး!

သွမ့်ကျုံတဲ့မှာဒေါသကြောင့်ပြာနှမ်းလာပြီးအော်ဟစ်တော့သည်။

"မင်းကဘာလို့ပြန်မလာသေးတာလဲ?မျက်နှာပျက်ရတာကိုစိတ်ထဲမထားဘူးဟုတ်လား?"

သွမ့်ယွီယန်ကသူ့အဖေကိုစိတ်ပျက်ခြင်းကြီးစွာဖြင့်ကြည့်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now