Chapter-110 ( 🌚🌚🌚 )

20.5K 1.7K 76
                                    

Unicode
~~~~~~~

ရှန်ဟွှာရန်းဟာ ရှန်ဖန်းဂူရဲ့စွမ်းဆောင်ရည်ကြောင့် SH Club တစ်ရှိန်ထိုး တိုးတက်လာပုံကိုကြည့်ပြီး ကြေနပ်အားရနေခဲ့တယ် ... သူ့ရဲ့ဘဝမှာ အသင့်တော်ဆုံးသော ဆက်ခံသူကို တာဝန်လွှဲပေးနိုင်ခဲ့သလို ထက်မြတ်လှတဲ့မျိုးဆက်သစ်လေးကိုပါ ပိုင်ဆိုင်ခဲ့ပြီမို့ အသေဖြောင့်ပြီဟု မှတ်ယူလိုက်တယ် ... ဒါဟာသူ့ရဲ့နောက်ဆုံးထွက်သက်မရောက်မှီအမြင်ချင်ဆုံးသော ပုံရိပ်လေးတစ်ခုသာ ...

တစ်ပတ်တစ်ခါ မိသားစုလက်စုံစားပွဲပြုလုပ်နေကြမို့ ဒီနေ့လေးမှာ ရှန်ဟွှာအိမ်တော်၌ လူတွေအားလုံး စုံညီစွာရောက်ရှိနေကြတယ် ... လုယီလေးက အဘေးဟွှာရန်းရဲ့ရင်ခွင်ပေါ်မှာထိုင်နေပြီး အဖိုးဖြစ်သူကူးမန်က နဘေးမှာထိုင်လျှက် လုယီလေးအားမြှူနေတယ် ... ဖန်းဂူနဲ့မင်းယွီတို့က မြေးအဖိုးတွေလွတ်လပ်စေဖို့ အစားအသောက်ပြင်ဆင်နေရာ၌ သွားရောက်လုပ်ကူနေခဲ့တယ် ...

လုယီလေးဟာ ရှန်ဟွှာရန်းရဲ့တင်းမာတဲ့လက်မောင်းတွေကို ဖက်သွယ်ပြီး အကြောက်အလန့်မရှိ ထိုင်နေဆဲပင် ... ရှန်ဟွှာရန်းဟာ လူအိုပြီး အင်အားချိနဲ့ပေမဲ့ သူ့ရဲ့အရှိန်အဝါတွေကလျော့မသွာပေ ... သခင်ကြီးဂုဏ်ပုဒ်က ဖန်းဂူထံရောက်သွားသော်လဲ အားလုံးက ရှန်ဟွှာရန်းကို လေးစားကြောက်ရွံ့နေဆဲပင် ... အစေအပါးတွေအားလုံးက လုယီလေးအစား ကြောက်လန့်နေကြသော်လဲ လုယီလေးကအကြောက်အလန့်မရှိ ရှန်ဟွှာရန်းအပေါ်၌ ထိုင်နေပြီး မဆင်းပေးချေ ...

" ဒီကောင်လေးက ဖိုးဖိုးကိုကျော်ပြီး ဘေးဘေးကိုကပ်နေတယ်ပေါ့လေ ... နောက်တစ်ခါ မြင်းလုပ်မစီးခိုင်းပဲနေမှာနော် "

အဖိုးဖြစ်သူကူးမန်းက လုယီလေးကို သူ့ထံလာပါရန် လက်ကမ်းခေါ်သော်လဲ လုယီလေးက အဘေးအပေါ်မှမဆင်းပဲ နေနေတယ် ... အတတ်လေး လုယီက ရုတ်တရပ်အကြံရသွားပုံပင် ... ရှန်ဟွှာရန်းရဲ့ ကြမ်းရှကာအေးဆက်သည့်မျက်နှာအား မော့ကြည့်ကာ ကြောက်ရွံ့ချင်းအလျှင်မရှိပဲ ဆိုလာခဲ့တယ် ...

" YiYi ဘဘကြီးပေါ်စီးချင်တယ် ... မြင်းမြင်းစီးမယ် "

" ဘဘကအသက်ကြီးနေပြီ ... ဖိုးဖိုးပေါ်စီး ဟုတ်ပြီလား "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now