❤ My little ko ko ❤ Part 12

3.7K 148 0
                                    

💫 Unicode version 💫

" Boss ဟို ခရီးသွားဖို့ကိစ္စ ကျတော်အားလုံးစီစဥ် ပြီးပါပြီ.. hotel တွေလဲ bookingထားပြီးပြီ "

" တာဝန်ကျေတယ်..... "

" ဟုတ်ကဲ့ပါ Boss... ကျတော့ကို ခွင့်ပြုပါအုံး "

​ပြောပြီး လှည့်အထွက်..

" အော်..ထူးမြတ်...ခနလေး ငါ့ကို တစ်ခုကူညီပေးအုံး "

" ဗျာ...ဟုတ်ကဲ့ "

" တစ်ခြား မဟုတ်ပါဘူး ဒီဇင်ဘာ 10 ရက်နေ့ အမှီ ပါတီအသေးနဲ့ ကိတ်လေး စီစဥ်ပေးအုံး... "

" ဟို....ဘယ်သူ့မွေးနေ့လဲ "

" မင်း...မရီးမွေ့နေ့ဟေ့.....သိပြီလား "

အော်..တစ်လုံးရေရွတ်ကာ

" အဆင်ပြေစေရမယ်  Boss..."

ပြောပြီး လှည့်ထွက်ခဲ့လေသည်။

..
..
..
..
..
..

" ကိုခန့်.... ဘာတွေဝယ်မှာလဲ "

" တခြားမဟုတ်ပါဘူး...လမ်းမှာစားဖို့ မုန့်လေးရယ် အသုံးအဆောင်လေးတွေရယ်ပါ...တစ်ချို့ကကုန်နေပြီလေ...ဒါကြောင့် "

ဒီနေ့ ခွန်းနဲ့ ခရီးသွားရင်လိုအပ်တာတွေ ဝယ်ရန်ထွက်လာခဲ့သည်။ သူက အလုပ်ကို ထူးမြတ်နဲ့ ထားခဲ့ရမှာဆိုတော့ သူလုပ်စရာ အပိုင်းတွေကို အပြတ်ဖြတ်နေလို့ မအားပေ...

Shopping center ထဲရောက်တာနဲ့ ပထမဆုံး မုန့်တွေ အတန်းသာ သွားပြီး.... အားလူကြော်ဗူးတွေအရင် ဆွဲခြင်းထဲထည့်တော့.

" ကိုခန့်....ကိုခန့်က အာလူးကြော် အရမ်းကြိုက်တယ် ထင်တယ် "

ခွန်းရဲ့ အမေးရဲ့

" Omm....မောင့်အတွက်ပါ... မောင်က ကြိုက်လို့ "

" အော်...... "

ခွန်းလဲ အော်တစ်ခွန်းသာဆိုပြီး သူလဲ လိုအပ်တဲ့ မုန့်တွေကောက်ထည့်လေသည်။ ပြီးတာနဲ့ နှစ်ယောက်သား အထည်တန်းဘက်ထွက်လာကာ..
စိတ်ကြိုက် အဝတ်အစားတွေရွေး..ဝယ်ပြီး မုန့်စားကာ ပြန်လာကြသည်။

🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

မနက်အစော ခရီးသွားမှာမို့ ခန့်အဝတ်တွေထည့်ရင်း ရင်တွေခုန်နေရသည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now