Ep-2

32.5K 2.2K 67
                                    

Uni...

Z ဒီနေ့ ကုမ္ပဏီလဲ မသွား club လဲ မသွားဖြစ်တာကြောင့် အိမ်မှာ ဘဲ တစ်နေ့လုံး နေဖြစ်တယ်..... Z ရဲ့ စံအိမ်ဟာ မြို့ပြင်ဖြစ်တာကြောင့် တိတ်ဆိတ်သည်.....  အေးအေးချမ်းချမ်းလဲ ရှိတာကြောင့် Z ဒီနေရာကို သဘောကျသည်...Zဟာ သူ့ စံအိမ်တော် အနောက်မှာတော့ ငါးမန်းကန်  မွေးထားလေရဲ့......

လူသတ်ကုန်းလို့လဲ ပြောလို့ရတယ်...Z ဟာ သူ့အပေါ် သစ္စာဖောက်သူတွေကို မြေအောက်ခန်းထဲ စီရင်လေ့ ရှိသလို တခါတလေ ငါးမန်းကန်ထဲပစ်ထည့်ကာ.... ငါးစာကျွေးပစ်တက်သေးသည်...... ကိုယ့်ရဲ့မွေးစားမိဘ တွေကိုတောင် သတ်ခဲ့သူမို့ ဒါတွေဟာ သူ့အတွက် မပြောပ လောက်.....

Z သူ့ရဲ့ အိမ်မွေးခွေး တွေကို လေ့ကျင့်ပေးရအုံးမည်.... ဒါမျိုးက သခင်ကိုယ်တိုင်လေ့ကျင့်ပေးမှရမယ်လေ..... Z ကAlsatian ခွေမျိုးကြီးတွေဘဲ 4 ကောင်လောက်မွေးထားတယ် ဒါဟာ သူ့အတွက် အရမ်းအရေးပါတဲ့ ကောင်ကြီးတွေပေါ့.....

Zက သူ့ရဲ့ ခွေးတွေကို အစာကောင်းကောင်း ကျွေးတဲ့အပြင် သူတို့တွေကို စစ်မြေပြင်က ခွေးတွေအတိုင်းသင်ပေးထားတာကြောင့် တခြားခွေးတွေထက် အရမ်းထွားသည်.....သူတို့က Z ရဲ့ အချစ်တော်ကြီး 4 ကောင်ပေါ့....

>>>>>>>>>>>>>>>>>>>>>>>>>

"ရှုးးး....ရှုးးးး...... မလာနဲ့.... မလာစမ်းနဲ့.... ဟိတ်ကောင်တွေ .... ငါကြောက်လို့ပါ...ရှုးးးးးရှုးးး မလာနဲ့လို့"

မိုးသား အိပ်ယာခင်း အဖြူတွေကို ခုံခုပြီး လှန်းနေတုန်း သူ့အနားကို ခွေးအကြီးကြီး လာပြီး ရစ်သီရစ်သီ လုပ်နေတာကြောင့် .... မိုးသားမှာ ဆင်းပြေးရမလို့ မောင်းထုတ်ရမလိုနဲ့ အခက်တွေ့နေသည်....

အစကတည်းက ခွေးကြောက်တက်တာမို့.... မိုးသားတစ်ယောက် ကူရာမဲ့ မျက်နှာလေးနဲ့...လူက ဟိုကြည့်ဒီကြည့်.... ငိုမဲ့မဲ့ဖြင့်...

" ၀ုတ်~~~~၀ုတ်~~~~~၀ုတ်~~~~ "

မိုးသား မောင်းထုတ်ပေမဲ့လဲ .... မသွားဘဲ ထါဟောင်နေတဲ့ ခွေးကြောင့် လူက ပိုပိုပြီးကြောက်လာသည်။

" သွားဆိုနေ... သွားလို့..အဟင့်... သွားပါ..."

ဘယ်လောက်မောင်းထုတ်ထုတ် မသွားတာကြောင့် မိုးသားငိုချင်လာပြီ.....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now