Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)

24.5K 2.4K 153
                                    


Zawgyi

လော့ရှန်ဟွာဟာ Lavender Rosesပန်းဆီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကုဖုန်းမော့ကို ပိတ်ကန်ချင်လိုက်ပေမယ့် ကုဖုန်းမော့ရဲ့ဘေးမှာ လာရပ်သည့်အမျိုးသားကို မြင်သည့်အချိန်မှာ သူရဲ့ဆိုးဝါးစွာပိတ်ကန်မည့် လုပ်ရပ်ကို လက်လျော့လိုက်သည်၊ လီကုန်းရွှေက ဘာကြောင့်ဒီရောက်နေတာလဲ?

လီကုန်းရွှေက သူအစ်မရဲ့တူအရင်းခေါက်ခေါက်ဖြစ်ပြီး သူ့တူရဲ့မွေးနေ့ပွဲမှာ ဟန်ပိုင်နဲ့စတင်တွေ့ခဲ့ချင်းဖြစ်သည်၊သေချာစဉ်းစားကြည့်ရင်း အကုန်လုံးက အကွက်ကျစီစဉ်ထားသလိုပင်၊ လော့ရှန်ဟွာ သူရဲ့မုန်းတီးရိပ်များ ပြည့်သိပ်နေသည့် မျက်ဝန်းများကို ပန်းဆီးဖြင့်ကွယ်ကာ ထွက်သွားရန်လုပ်လိုက်ပေမယ့် ကုဖုန်းမော့ဟာ ပြန်လှမ်းဆွဲကာ

"ရှန်ဟွာ ဒီနေ့ နေ့လည်စာ စားချိန်အား..."

"မအားဘူး ဒယ်ဒီဆီက နေ့လည်စာ စောင့်ရမှာ"လို့ ပြောလိုက်တော့ ဘေးနားရှိ လီကုန်းရွှေလည်း ခရမ်းပြာနုရောင်နှင်းဆီပန်းတွေကြား မြုပ်နေသည့်သူကို ကြည့်လိုက်သည်၊ ထိုနောက် အနည်းငယ်ပြုံးလိုက်ကာ

"Hello မင်းက လော့ရှန်ဟွာမလား?"လို့ ပြောလာတော့ ထိုအပြာရောင်မျက်ဝန်းတောက်တောက်များဟာ သူ့ကိုစိုက်ကြည့်လာတော့သည်၊ lavender rosesများနဲ့ကွယ်ထားသည့် တစ်ဝက်တပျက်မျက်နှာအထက်က မျက်ခုံးမွှေးလေးများဟာ ကြုတ်ထားပြီး ထိုအပြာရောင်မျက်ဝန်းများဟာ သူ့ကိုမနှစ်မြို့နေသလို ခံစားရသည်၊ဒါ သူတို့ပထမအကြိမ်တွေ့ဆုံတာမလား?ဘာကြောင့် ဒီလူငယ်က သူ့ကို သဘောမကျဘူးလို့ ခံစားနေရတာလဲ

"ဟုတ်တယ်"

"ငါက လီကုန်းရွှေ ၊ကုဖုန်းမော့ရဲ့အတန်းဖော်ပါ တွေ့ရတာ ဝမ်းသာပါတယ်"လို့ သူလက်ကမ်းလာတော့

"အင်း"ဆိုသည့် အသံလေးနဲ့အတူ သူရဲ့လက်ထိပ်ဖျားကိုသာ ထိုလက်သေးသေးလေးဟာ အနည်းငယ်သာဆုပ်ကိုင်ကာ ချက်ချင်းပြန်ခွာသွားတော့သည်၊အာ! ဒါအရမ်းကို ချေလွန်းတယ်... ဒါပေမယ့် အရမ်းကိုချစ်စရာကောင်းလွန်းတယ်!

သူ့ထက် ခေါင်းတစ်လုံးကျော်လောက်ပုနေကာ သူရဲ့လက်ဖျားလေးကိုသာ ထိပြီး ပြန်ရုတ်သိမ်းသွားပုံလေးဟာ လူတွေနဲ့ကင်းကင်းဝေးဝေးနေချင်သည့်ကြောင်ပေါက်လေးနှင့်ပင် တူသေးသည်၊ ဒါပေမယ့် သူရဲ့ချစ်လှစွာကော သူငယ်ချင်းကောင်းကြီးဟာ သူ့ကိုအနောက်ပြန်တွန်းပို့ကာ လော့ရှန်ဟွာကို နူတ်ဆက်ကာ သွားခိုင်းတော့သည်၊ လော့ရှန်ဟွာထွက်သွားမှ ကုဖုန်းမော့ဟာ လီကုန်းရွှေကို စိုက်ကြည့်လာကာ

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now