Chapter - 112

9.7K 1K 86
                                    

Unicode
~~~~~~~

ရှုယွမ်အိမ်ငယ်လေးအတွင်းမှာတစ်ယောက်ထည်း ထိုင်နေရင်း ဒိုင်ယာရီစာအုပ်လေးပေါ်မှာ ခံစားချက်ထဲကနေပေါ်လာတဲ့စာတချို့ ချရေးနေလိုက်တယ် … တချို့စာသားတွေက နာကျင်မှုတို့ပါဝင်နေပေမဲ့ သူ့ရဲ့မျက်နှာကတော့ အပြုံးမပျက်ခဲ့ … ဖန်းဂူအစား မင်းယွီရဲ့ဗိုက်ကို စောင့်ရှောက်ပေးခဲ့ရတဲ့အချိန်တွေကို ပြန်တွေးမိတော့ ဖန်းဂူအပေါ်အားနာစိတ်ဖြစ်မိသလို ထိုပျော်ရွှင်စရာအမှတ်တရတွေက သူ့ရဲ့ဦးနောက်ထဲကနေ ထွက်မသွားနိုင်ခဲ့ဘူး …

လုယီလေးမွေးဖွားလာပြီး သေးသေးလေးကနေစပြီး လမ်းလျှောက်တတ်တဲ့အရွယ်ထိ ဖန်းဂူအစား သူကဖခင်တစ်ယောက်လိုစောင့်ရှောက်ပေးခဲ့ရလို့ သူတို့မိသားစုလေးအပေါ်သံယောဇဉ်သွယ်မိခဲ့ပေမဲ့ တစ်ချိန်ချိန်မှာတော့ ပိုင်ရှင်အစစ်ကိုပြန်ပေးရမယ်မဟုတ်လား … မင်းယွီရဲ့စိတ်ထဲမှာလဲ ဖန်းဂူကအမြဲရှင်သန်နေသလို ဖန်းဂူကလဲ မင်းယွီအပေါ်သစ္စာစောင့်သိပြီး အမှောင်ကိုစွန်လွှတ်၍ အလင်းလောကအတွင်းခိုလှုံလိုက်ကတည်းက ရှုယွမ်ထိုမိသားစုအပေါ် သူ့ရဲ့ပေးစပ်မှုတွေကအရာထင်ခဲ့ပြီဟုသတ်မှတ်လိုက်တယ် … အချစ်ဆုံးသူငယ်ချင်းနဲ့ အချစ်ဆုံးမိသားစုလေး ပျော်ရွှင်နေရင်ပင် ရှုယွမ်ကျေနပ်မိပြန်တယ် …

ဒီစာအုပ်လေးက ဖန်းဂူမရှိတော့တဲ့နောက်ပိုင်း မင်းယွီတို့မိသားစုကို စောင့်ရှောက်ခဲ့စဉ်က လုယီနဲ့မင်းယွီတို့ရဲ့လှုပ်ရှားမှုတွေကို အမှတ်တရရေးထားတဲ့စာအုပ်လေး … အယ်ဖာတစ်ယောက်ဖြစ်တဲ့သူ့အတွက် ပထမဆုံး အိုမီဂါတစ်ယောက်ကို မိတ်အဖြစ်သတ်မှတ်ပြီး ပေါင်းဖက်ဖို့မျှော်လင့်ရင်း အတူကုန်ဆုံးခဲ့တဲ့အချိန်တွေနဲ့ သူတို့ရဲ့အမူအရာလေးတွေကို ရေးသားထားခြင်းဖြစ်နယ် … လုယီလေးရဲ့ချစ်စဖွယ်ပုံရိပ်တွေနဲ့ မင်းယွီရဲ့ သိမ်မွှေ့လွန်းတဲ့ဂရုစိုက်ကျင်နာမှုတွေ သူတို့ရဲ့အကြိုက်တွေကိုဖော်ပြထားတယ် … ခုတော့ဒီစာအုပ်ရဲ့ပိုင်ရှင်က သူမဟုတ်ပဲတစ်စုံတစ်ယောက်ဖြစ်သင့်တယ်မဟုတ်လား … ဒီပုံရိပ်တွေကို သူတစ်ယောက်ထည်းအမှတ်ရနေတာ မတရာဘူးလို့ထင်မိတယ် … ရှုယွမ်အတွေးနယ်လွန်နေခိုက် သူ့ရဲ့တည်းအိမ်ထဲသို့ ယာရှာနှင့်နောက်လိုက်တချို့ဝင်လာတော့မှ သူ့ရဲ့ဒိုင်ယာရီစာအုပ်ကိုသိမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်  …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now