Chapter_106

3.7K 560 19
                                    

{ Zawgyi }

(ရည်စားဟောင်းနှင့် တွေ့ဆုံခြင်း- ၂)

ရှန်ဝေ့ရင်းသည် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံထားသည်ဟု ထင်ရလောက်အောင် ပြီးပြည့်စုံလွန်းအောင်လှရက်လွန်းသူပင်။ သူမရဲ့အရပ်ရှည်ရှည်နဲ့ လှပတဲ့ကောက်ကြောင်းတွေကြောင့် သူမဟာ လူအုပ်ကြီးတစ်ခုထဲရောက်နေရင်တောင် ပေါ်လွင်လှ၏။ ချောမော့တဲ့အသားရည်ရယ် လှပလွန်းတဲ့မျက်နှာသွင်ပြင်ကြောင့် သူမဟာ လူအများရဲ့အာရုံစိုက်မှုကို ရရှိမြဲဖြစ်၏။ အနီရောင်ပွဲတက်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသောသူမသည် ခန်းမထဲမှ လူတိုင်းနီးပါးရဲ့အာရုံစိုက်မှုကို ရရှိနေပေတယ်။ ခန်းမထဲသို့ ဝင်လာသူတိုင်းက သူမဘယ်သူဆိုသည်ကို ချက်ချင်းမှတ်မိကြပေ၏။ လူတချို့ဆိုလျှင် သူမနှင့်စကားပြောချင်တာကြောင့် တဖြည်းဖြည်းချဉ်းကပ်လို့လာပေသည်။

" သမီးနဲ့ ရှန်ဝေ့ရင်းနဲ့က သူငယ်ချင်းတွေဆိုတာ အမေလည်း မသိလိုက်ရပါလား " အမေရီက ရီချင်းနားသို့ ကပ်ကာ တိုးတိုးလေးမေးလိုက်၏။

ရီချင်းက ပြန်ပြုံးလိုက်ရင်း " အမေ့သမီးမှာက သူငယ်ချင်းများတာပါ။ အမေကလည်း သမီးတို့က သူငယ်ချင်းတွေလားလို့ မေးမှမေးဖူးတာ။ ပြီးတော့ သမီးက အောင်မြင်တဲ့သူပဲဟာ ရှန်ဝေ့ရင်းလိုလူမျိုးနဲ့ သိတာ ထူးဆန်းတာမှ မဟုတ်တာ "

" အမေ့ကို အမှန်တိုင်းပြော။ သူမနဲ့ သမီး ဘယ်လို သူငယ်ချင်းဖြစ်သွားတာလဲ "

" သမီးရဲ့သူငယ်ချင်းတစ်ယောက်ကနေ တစ်ဆင့်သိသွားကြတာပါ " ရီချင်းက အနည်းငယ်စိတ်ညစ်သွားသံနှင့်ဆို၏။ ထိုနောက်တွင် ရီချင်းသည် မျက်မှောင်ကျုံ့လိုက်ကာ အမေရီအား ကြည့်၍ " အမေ, သမီးက သူငယ်ချင်းအသစ်ဖွဲ့နေတာလေ။ အမေနဲ့ဘာဆိုင်လို့ အတင်းလိုက်မေးနေတာလဲ "

" သမီးက ဘယ်လိုလူမျိုးနဲ့ သူငယ်ချင်းဖွဲ့တယ်ဆိုတာ အမေက သိထာသင့်တယ်လေ " ထို့သို့ပြောပြီး ခဏရပ်လိုက်ပြီးနောက်တွင် " ဘာပဲဖြစ်ဖြစ်ပါ သမီးရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်ကို အမေက ဝင်မထိန်းချုပ်ပါဘူးကွယ်။ ဒါပေမယ့် သမီးမှတ်ထားရမှာက သမီးညီမက အခုကိုယ်ဝန်နဲ့ အဲ့ဒါကြောင့် သူမ ရောက်လာတဲ့အခါ ပြသနာ မဖြစ်စေနဲ့နော် "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now