Part 15

17.9K 508 23
                                    

Unicode

ရေခဲမုန့်သွားဝယ်တဲ့သူ့ရဲ့နောက်ကျောပြင်လေးကို ကြည့်ပြီး နှင်းပြုံးမိသည်။
ထို့နောက်ဘယ်ဘက်ရင်အုံမှတဒိန်းဒိန်းနဲ့ခုန်နေသည့် ရင်ခုန်သံ။နှင်း ကိုယ့်ရင်ဘက်ကို ဖိရင်း

'ဘာဖြစ်‌နေတာလဲ ငြိမ်ငြိမ်နေစမ်း'

ဒီလိုဖြစ်တာဒီတစ်ခါတည်းမဟုတ်။သူနဲ့အတူရှိတဲ့အချိန်တိုင်း သူ့အကြောင်းစဉ်းစားတဲ့အချိန်တိုင်း ခုန်နေခြင်းဖြစ်သည်။

'ငါ သူ့ကို.. မဟုတ်လောက်ပါဘူး မဟုတ်ပါဘူး"

နှင်းကိုယ့်အတွေးနဲ့ကိုယ်စဉ်းစားနေရင်း

"အွတ်"

နောက်ကနေအုပ်လိုက်တဲ့အရာတစ်ခုကြောင့် ခေါင်းတစ်ခုလုံး ဝေ့ဝါးပြီး တစ်လောကလုံးအမှောင်ဖုံးသွားတော့၏။

"တင်း"

ဖုန်းထဲဝင်လာတဲ့ Message ကိုကြည့်ပြီးနောက်မှာတော့မင်းမြတ်တစ်ကိုယ်လုံးပူထူကာဒေါသတွေအလိပ်လိုက်ပင်ထွက်လာ၏။

ဝင်လာတဲ့ Message က Unknown Contact တစ်ခုကနေပို့လာတဲ့ပုံတစ်ပုံ။
ပုံထဲမှာက

နှင်းတစ်ယောက်မေ့နေပြီး တစ်ကိုယ်လုံးကိုလဲကြိုးတွေနဲ့တုပ်ထားခြင်းခံနေရသည်။

မင်းမြတ် အဲ့ဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်တော့
မကြာပါတန်းကိုင်လာသည်။

"မင်းဘယ်သူလဲ ဘာလို့သူ့ကိုခေါ်သွားတာလဲ ဘာလိုချင်လို့လဲ"

"အိုဟိုး မေးခွန်းတွေများလှချည်လား ကိုမင်းမြတ်သူရိန် ဖြေးဖြေးမေးပါ"

မင်းမြတ်လည်း ဒေါသကိုအနည်းငယ်ထိန်းလိုက်ကာ

"ဘာလိုချင်လို့ဒီလိုလုပ်တာလဲ"

"ပိုက်ဆံ ပိုက်ဆံလိုချင်တယ်"

"ဘယ်လောက်လဲ"

"2 မီလီယံ"

"2 မီလီယံ ရတယ် ပေးမယ် ဒါပေမယ့်သူ့ကိုလက်ဖျားနဲ့တောင် မထိနဲ့ ဆံချည်မျှင်လေးတစ်မျှင်လောက်တောင်ထိတာနဲ့ မင်းကိုငါသတ်ပစ်မယ်"

"အဟက် မထိပါဘူးဗျာ ကြမ်းလှချည်လား အော်နောက်ဆုံးတော့လည်းသံမဏိခဲမင်းမြတ်သူရိန်မှာလည်း အားနည်းချက်ဆိုတာရှိတာဘဲနော် ရီချင်လိုက်တာ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now