Return to the University (4)

4.2K 845 17
                                    

Unicode

Return to the University (4)

လူတိုင်းမိုက်ခရိုဖုန်းအတွက်တိုက်ခိုက်ကြပြီးသီချင်းစဆိုကြသည်နှင့်သီးသန့်ခန်းထဲကလေထုကပိုပိုပြီးမြင့်တက်လာသည်။

ထို့အချိန်တွင်သူတို့အတန်းထဲမှတစ်မျိုးတစ်ဖုံလေးလှပြီးပျော်တတ်တဲ့အကျင့်စရိုက်နဲ့မိန်းကလေးတစ်ယောက်ကသူမဘေးကမိန်းကလေးကိုအကြိမ်အနည်းငယ်တွန်းထိုးနေသည်။သူမရဲ့မျက်နှာကရဲနေပြီးမိုက်ကိုကိုင်ကာစကားစလာ၏။

"ငါတို့ဂိမ်းကစားကြရင်ဘယ်လိုလဲ?ငါတို့ဒီအတိုင်းသီချင်းကြီးပဲဆိုနေရင်စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူး"

အတန်းထဲမှာထိုမိန်းကလေးရဲ့ကျော်ကြားမှုကလည်းအတော်လေးကောင်းတာကြောင့်သူ့ကိုချက်ချင်းထောက်ခံတဲ့ကောင်လေးအများအပြားရှိနေပြီးတစ်ယောက်ကမေးလာသည်။

"ဘာဂိမ်းလဲ?"

"အဲ့ဒါက[King game]နဲ့[Truth or Dare game]ပေါင်းထားတာမျိုး....ငါတို့အခု[King game]ကိုကစားမယ့်သူအရေအတွက်အတိုင်းနံပါတ်ပြားလေးတွေလုပ်မယ်..နံပါတ်အကြီးဆုံးရေးမိတဲ့သူက[King]ပဲ...အဲ့ဒီ[King]ကနံပါတ်တစ်ခုရွေးပြီးအဲ့ဒီရွေးခံရတဲ့နံပါတ်ပိုင်ရှင်က့[Truth] နဲ့ [Dare] တစ်ခုခုကိုရွေးရမယ်...အကယ်၍နင်က[Truth]ကိုရွေးတာဆိုရင်[King]မေးတဲ့မေးခွန်းကိုအမှန်အတိုင်းဖြေရမယ်မလိမ်ရဘူး..ပြီးတော့အကယ်၍နင်က[Dare]ကိုရွေးတာဆိုရင်[King]ကနင်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းအရာကိုရွေးပေးလိမ့်မယ် ...သေချာတာတော့နင်ဘာကိုမှမရွေးဘူးဆိုရင်အကြွေးကိုရှင်းပေးဖို့အတွက်ဘီယာတစ်ခွက်သောက်ရမယ်"

ထိုအကြောင်းကြားတဲ့သူတိုင်းအဲ့ဒါကအတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ခံစားရတာကြောင့်မိန်းကလေးရဲ့တောင်းဆိုမှုကိုသူတို့လက်ခံကြသည်။သို့သော်ဘီယာသောက်ဖို့ကတော့မိန်းကလေးများရဲ့လုံခြုံရေးကိုထည့်တွက်သောအားဖြင့်မိန်းကလေးတွေဆိုရင်အအေးနှစ်ခွက်သောက်ခြင်းဖြင့်အစားထိုးလိုက်၏။

မူလကတည်းကသူတို့အတန်းမှာမိန်းကလေးဆယ်ယောက်သာပါသည်။ဒါ့အပြင်သူတို့အားလုံးကလည်းကြည့်ကောင်းတာကြောင့်ဘယ်သူမှမငြင်းဆန်ကြတော့။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now