Return to the University (6)

4.1K 775 10
                                    

Unicode

Return to the University (6)

ထို့နေကစပြီးသူနဲ့ဂျင်ချန်းဂျီတို့ကြားကတိုးတက်မှုသည်လည်းအရင်တုန်းကနဲ့အတူတူပဲဖြစ်သည်။

ဂျင်ချန်းဂျီကအခန်း(၅၀၅)မှာယခင်ထက်ပိုပြီးမကြာခဏနေလာတဲ့အပြင်စာသင်ချိန်တွေမှာလည်းသူနဲ့အတူမကြာခဏအတူတူထိုင်ဖြစ်ကြတာကြောင့်လီလျိုသည်ဂျင်ချန်းဂျီနဲ့ကောင်းကောင်းကျွမ်းဝင်လာသည်။

အရင်တုန်းကသူနဲ့ဂျင်ချန်းဂျီလိုပဲတစ်ယောက်နဲ့တစ်ယောက်ဖြေးညှင်းစွာဖြင့်ရင်းနှီးလာသည်။ဂျင်ချန်းဂျီရဲ့ပုံစံကအလွန်ကိုနီးစပ်ရခက်ခဲဟန်ပေါ်သော်လည်းတကယ်တမ်းလီလျိုကသူနဲ့အချိန်အကြာပြီးအတူတူနေပြီးနောက်သူကအလွန်ကိုယုံကြည်အားကိုးလို့ရသည်ကိုတွေ့ရှိသွားသည်။

မျက်နှာပြင်ပေါ်မှာမြင်နေရတဲ့ပုံစံနဲ့မတူပဲသူကသူပေးတဲ့ကတိတစ်ခုကိုသေချာပေါက်အောင်မြင်အောင်လုပ်သည်။

ဒါ့အပြင်လီလျိနဲ့ဂျင်ချန်းဂျီတို့ကနှစ်အတော်ကြာအောင်အတူတူရင်းနှီးကြပြိးဘွဲယူပြီးနောက်မှသာအဆက်အသွယ်ပြတ်သွားတာဖြစ်သည်။ထို့ကြောင့်လီလျိုကတော့သူ့စိတ်နှလုံးသားထဲမှာဂျင်ချန်းဂျီကိုသူ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်အဖြစ်သတ်မှတ်ထားဆဲပင်။

ထို့ကြောင့်လီလျိုကသူတို့ရဲ့အရင်ဆက်ဆံရေးကိုမြန်မြန်ပြန်ဆက်ချင်နေပြီးဂျင်ချန်းဂျီအပေါ်သူ့ရဲ့သဘောထားနဲ့အပြုအမူတွေကတစ်ဖြေးဖြေးနဲ့ပေါ့ပါးလာသည်။

လူတိုင်းရဲ့မျက်လုံးထဲမှာတော့ချဉ်းကပ်ရမလွယ်တဲ့မင်းသားလေးဂျင်ကလီလျိုတစ်ယောက်တည်းပေါ်မှာသာအလွယ်တကူဖြစ်နေတာကိုမြင်နေကြရသည်။အဲ့ဒါကလူအတော်များများအားထိတ်လန့်သွားစေ၏။

ပါဝင်နေတဲ့တစ်ဦးတည်းသောသူလီလျိုကတော့လုံးဝကိုမသိပေ။ဂျင်ချန်းဂျီကသူ့ရဲ့အမာခံသူငယ်ချင်းတစ်ယောက်ဖြစ်တာကြောင့်မျှော်လင့်ထားသလိုပဲသူကသူ့ကိုကောင်းကောင်းဆက်ဆံတာဟုသာတွေးထားသည်။

****

အဲ့ဒီလိုနဲ့ပဲနောက်ထပ်နှစ်နှစ်တာကုန်ဆုံးသွားသည်။ဒီနှစ်နှစ်အတွင်းလီလျိုနဲ့ရှောင်းချီတို့စကားနှစ်ခွန်းလောက်သာပြောဖြစ်သည်။ပြီးတာနဲ့ရှောင်းချီကသူ့systemရဲ့စွမ်းရည်ကိုပြန်သိုလှောင်နိုင်ရန်ဆောင်းခိုသည့်အခြေအနေသို့ပြန်ရောက်သွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now