Return Arc(3.23)

5.7K 823 41
                                    

Unicode

Return Arc(3.23)

ညကနက်သထက်နက်လာပြီးအတွင်းခန်းပြတင်းပေါက်ရဲ့ကုလားကာသည်လည်းပိုပြီးနက်မှောင်လာသည်။

လီလျိုရဲ့မျက်လုံးများကမှိတ်နေပြီးသူကအစောကြီးကတည်းကအမှောင်ထုနဲ့ချိုမြိန်တဲ့အိပ်မက်တွေကြားထဲမှာနစ်မြှုပ်နေပြီဖြစ်သည်။

ညအမှောင်ထဲကလီလျိုဘေးရှိအိပ်ယာညာဘက်ခြမ်းပိုင်းကတော့အကြိမ်အနည်းငယ်မျှလှုပ်နေသည်။ပြီးနောက်အနက်ရောင်ပုံရိပ်ကလျင်မြန်စွာထလာ၍ဘေးဘက်မှမီးအိမ်လေးကိုဖွင်လေသည်။

မီးအိမ်၏အဝါရောင်အလင်းဖျော့ဖျော့အောက်တွင်ဂျင်ချန်းဂျီကခေါင်းကိုငုံ့၍သူ့ဘယ်ဘက်မှာလှဲနေသည့်လီလျိုကိုကြည့်လိုက်သည်။

ထိုအချိန်မှာလီလျိုရဲ့ကိုယ်ကဘေးတစ်စောင်းအိပ်နေခြင်းဖြစ်သည်။သူ့ရဲ့ဆံနွယ်နက်များကသူအိပ်နေတဲ့ခေါင်းအုံးဘေးမှာပျံ့ကျဲနေသည်။သူ့ပုံစံကအတော်လေးသက်တောင့်သက်သာဖြစ်နေဟန်ပင်။မီးအလင်းရောင်အောက်မှာသူ့ရဲ့ရှည်လျားတဲ့မျက်တောင်များကသူ့ရဲ့နူးညံ့သောပါးပြင်ပေါ်တွင်ယပ်တောင်သဏ္ဍာန်ဖြာကျနေကာအသက်ကိုဖြေးဖြေးနဲ့မှန်မှန်ရှု၍နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေ၏။

ထိုအရောင်ဖျော့ဖျော့နှုတ်ခမ်းတစ်စုံသည်လည်းအနည်းငယ်ပွင်ဟနေတာကြောင့်သွားဖြူဖြူလေးကိုပိစိလေးမြင်နေသည်။

သူဝတ်ထားတဲ့အနက်ရောင်ညအိပ်ဝတ်စုံကသူ့ကိုယ်နဲ့အဆမတန်ကြီးမားနေတာကြောင့်လီလျိုရဲ့အိပ်ပျော်နေတဲ့အနေအထားနဲ့ဆိုရင်လှပတဲ့ညှပ်ရိုးကိုပင်မြင်နေရသည်။

လီလျိုရဲ့ဒီလိုပုံစံမျိုးကိုမြင်ရတဲ့ဂျင်ချန်းဂျီအတွက်ကတော့ဘာမှမတတ်နိုင်စွာဖြင့်သူ့မျက်လုံးများအနည်းငယ်နက်မှောင်သွားရသည်။သူ့ကိုယ်ကိုလီလျိုရှိရာဘက်သို့မှီချလိုက်ပြီးလီလျိုရဲ့မျက်နှာအားလက်ဖြင့်ခပ်ဖွဖွပွတ်သပ်မိလေသည်:လီလျိုကတော့နိုးကြားမှုမရှိနှစ်ခြိုက်စွာအိပ်ပျော်နေဆဲပင်။

သွယ်လျတဲ့လက်ချောင်းများကလီလျိုရဲ့နှဖူးကြားမှတစ်ဆင့်သေးငယ်သောနှာခေါင်းထိပ်လေးကိုဖြတ်ပြီးနူးညံ့တဲ့နှုတ်ခမ်းပေါ်မှာအဆုံးသတ်သည်။လက်ချောင်းထိပ်ကိုအားနည်းနည်းလောက်သုံးတာနဲ့တင်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသောလီလျိုကသူ့နှုတ်ခမ်းကိုအနည်းငယ်ဖွင့်လိုက်တာကြောင့်သူ့လျှာထိပ်ဖျားလေးပေါ်လာသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now