Arc(3.31)

4.2K 746 7
                                    

Unicode

Arc(3.31)

လီလျိုသည်သူစားလိုက်သည့်ဆေးလုံးရဲ့အစွမ်းပျံ့နှံ့နေသည်မှာအရေးကြီးသောအချိန်သို့ရောက်လာပြီဟုခံစားရသော်လည်းရုတ်တရက်သူ့မေးရိုးမှလစ်လျုရှုလို့မရတဲ့နာကျင်မှုတစ်ခုခံစားလိုက်ရသည်မှာသူ့မေးကိုချိုးပစ်ဖို့ကြိုးစားနေသလိုပင်။

"ယွင်, ထျန်, ဟန်း?!"

အလွန်ရင်းနှီးနေသည့်အသံတစ်ခုကမြေပြင်ပေါ်သို့ရုတ်တရက်မိုးကြိုးပစ်ချလိုက်သလိုကြားလိုက်၇သည်။ထိုအထဲမှာထိန်းချုပ်လို့မရနိုင်တဲ့ရွံ့ရှာခြင်းများ၊မုန်းတီးစက်ဆုပ်ခြင်းများပြည့်နှက်နေတာကြောင့်လီလျိုရဲ့နှလုံးသားသေးသေးလေးကိုထိတ်လန့်မှုဖြင့်တုန်ယင်သွားစေသည်။

မူလကဆေးလုံးကိုသေသေချာချာဦးဆောင်နေသည့်ဝိဉာဏ်အားများသည်လည်းရုတ်တရက်ပျံ့ကျဲသွားခဲ့ပြီးချက်ချင်းပင်သူ့ကိုယ်ပေါ်မှအငွေ့ပျံထွက်သွားသည်။

သူ့အနေနဲ့အောင်မြင်နိုင်ဖို့ဆေးနောက်တစ်လုံးသောက်မှသာဖြစ်တော့မည်။ဒါပေမဲ့လည်းလက်ရှိအခြေအနေအရတော့သူ့အသွင်အပြင်ကိုပြောင်းလဲနိုင်ဖို့နောက်ဆေးတစ်လုံးသောက်စရာမလိုတော့ဘူးထင်ပါတယ်

ပြီးတော့လက်ရှိအခြေအနေမှာသူဘာလုပ်သင့်လဲ?ချူးဝူရုံနဲ့ဆက်ဆံရေးပိုကောင်းလာဖို့ဒီလောက်ခက်ခဲတာအခုတော့ချူးဝူရုံကသူ့တကယ့်မျက်နှာအစစ်ကိုရှာတွေ့သွားမှတော့တစ်ခါတည်းနဲ့တော့သူ့ကိုမဖယ်ရှားလောက်ပါဘူးနော်...လုပ်နိုင်လောက်လား?

လီလျိုသည်သူတကယ့်ကိုကံမကောင်းဘူးဟုသာခံစားရသည်။အခုမှသူ့အနေနဲ့ဒီကမ္ဘာကိုခက်ခက်ခဲခဲပြန်လာရတာဆိုပေမယ့်ဒုတိယတစ်ခေါက်ယူလိုက်တဲ့မူလကိုယ်ကသူ့ကို'သတ်'ခဲ့တဲ့သူဖြစ်နေရတယ်လို့...အဲ့ဒါကချူးဝူရုံရဲ့ဘေးကိုပြန်သွားနိုင်ဖို့ပိုပြိးခက်ခဲလေတယ်

သူသည်ချူးဝူရုံကသူ့ရဲ့လက်ရှိကိုယ်အအကြောင်းကိုသိသွားရင်ရောဆိုတဲ့အတွေးကြောင့်အမြဲတစေကြောက်ရွံ့တုန်လှုပ်နေခဲ့ရပေမယ့်အခုတော့အဆိုးဆုံးအခြေအနေကရောက်လာခဲ့ပြီ...သူ့အကြောင်းကိုချူးဝူရုံကရှာတွေ့သွားခဲ့ပြီ

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now