Arc(3.32)

4.4K 749 3
                                    

Unicode

Arc(3.32)

လီလျိုသည်ရွှမ်မင်းအကျဉ်းထောင်ရဲ့အမှောင်ထုထဲမှာနစ်မြုပ်နေသည်။ထိုအထဲမှာထွက်ခွာနိုင်မယ့်လမ်းကြောင်းမရှိတဲ့အပြင်ချူးဝူရုံသည်လည်းသူ့ကိုတစ်ခါမှလာမတွေ့သော်လည်းကံကောင်းစွာနဲ့ရှောင်းချီကသူ့ကိုအရင်အတိုင်းဂိမ်းကစားခွင့်ပေးထားသေးသည်။ဒါ့အပြင်သူစာလည်းရိုက်လို့ရနေသေးသည်။

မဟုတ်လို့ကတော့ဒီလိုအမြဲတမ်းအမှောင်ထုနဲ့ပဲမျက်နှာချင်းဆိုင်နေရရင်သာမာန်လူတောင်စိတ်ရောဂါရသွားလိမ့်မည်။

အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီးလေးလကမသိလိုက်စွာဖြင့်ကျော်ဖြတ်သွားသည်။ကြာပန်းအမတလှိုင်ဂူသည်လည်းတလောလေးကမှပွင့်လာခဲ့၏။လီလျိုကsystemရှောင်းချီအားမေးထားသောကြောင့်ချူးဝူရုံကကြာပန်းအမတလှိုင်ဂူထဲသို့အောင်မြင်စွာဝင်သွားခဲ့ပြိဖြစ်ကြောင်းသိထားသည်။သူ့ရင်ထဲမှာစိတ်သက်သာရာရစွာသက်ပြင်းချမိ၏။အနည်းဆုံးတော့ဇာတ်ကြောင်းကမူလကအတိုင်းပဲသွားနေသေးတယ်လေ..အဲ့ဒါပြီးရင်တော့ချူးဝူရုံကသူ့ခန္တာကိုယ်နဲ့အသင့်တော်ဆုံးကျင့်ကြံရေးနည်းလမ်းကိုရရှိလိမ့်မည်။

ဒီနေ့မှာလည်းလီလျိုကယခင်နဲ့အတူတူပင်ရှောင်းချီသူ့ကိုဖွင့်ပေးထားတဲ့အကောင့်နဲ့ဂိမ်းကစားဖို့ပြင်ဆင်နေသည်။သူဒီဂိမ်းကိုကစားနေတာအဆင့်နှစ်ဆယ်ကျော်နေပြီဖြစ်ပြီးအနာဂတ်ဂိမ်းကမ္ဘာကြီးရဲ့အပိုင်းတစ်ခုကိုလမ်းလျှောက်ဖို့အဆင့်သင့်ဖြစ်နေလေပြီ

သူဂိမ်းကိုဖွင့်လိုက်ပြီးအကောင့်ထဲဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲရှောင်းချီကသူ့ကိုရုတ်တရက်တားဆီးလာသည်။

[ကြီးမြတ်တဲ့hostရေ,ခဏလေးစောင့်ပါဦး,ဂိမ်းထဲမဝင်နဲ့ဦး...တစ်ယောက်ယောက်လာနေတယ်]

ဘာ,တစ်ယောက်ယောက်လာတာလား?အခုကလေးလတောင်ဖြစ်နေပြီလူမပြောနဲ့ယင်ကောင်တောင်သူ့ရှေ့မှာမပေါ်လာဘူး....အရမ်းတိတ်ဆိတ်လွန်းတဲ့အမှောင်ထုထဲမှာသူကလွဲရင်တစ်ခြားအသက်ရှင်နေတဲ့အရာမှမရှိတာ...သူဒီမှာချုပ်ခံထားရတာကိုဘယ်သူမှသတိမရသလိုမျိုးပဲ

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now