Arc(3.34)

5.1K 784 3
                                    

Unicode

Arc(3.34)

လီလျိုသည်ချူးဝူရုံဆီကနေဘယ်လောက်ကြာသည်အထိအနမ်းခံနေရမှန်းပင်မသိတော့ပေ။ဘယ်လိုပဲဖြစ်ဖြစ်သူ့ရင်ဘက်ကအောက်စီဂျင်တွေကုန်လုနီးပါးဖြစ်နေပြီးသူ့တစ်ကိုယ်လုံးကတော့အနမ်းကြောင့်ငေးမောနေမိတာကိုသာခံစားရတော့သည်။

ချူးဝူရုံကတော့လီလျိုကိုနမ်းနေရင်းဖြင့်အာရုံထွေပြားနေသည့်လီလျိုရဲ့တုန့်ပြန်မှုကိုလေ့လာနေသည်။

လီလျိုကသူ့ဆရာကုချင်းချန်းမှန်းသိပြီးနောက်လီလျိုဘယ်မှာရှိနေလဲဆိုတဲ့အကြောင်းအားလက်မလျှော့ပဲဆက်တိုက်လိုက်ရှာနေခဲ့သည့်မှာလွန်ခဲ့တဲ့နှစ်ရက်လောက်ကသာဟုန်ရှို့ကလီလျိုကိုဘယ်ခေါ်သွားလဲသိခဲ့ရသည်။

မူလကတော့ပြန်လည်ရှင်သန်ထမြောက်ခြင်းအစီအရင်ကိုအသက်သွင်းပြီးပါကချူးဝူရုံရဲ့အင်အားသည်အကြီးအကျယ်ထိခိုက်သွားမှာဖြစ်သည်။ထို့ကြောင့်သူ့အနေနဲ့အချိန်တစ်ချို့ကြာအောင်ပြန်ပြီးတရားကျင့်ကြံဖို့လိုအပ်သည်။ဒါပေမဲ့သူခဏလေးတောင်ဆက်မစောင့်နိုင်တော့ဘူး....နှစ်သုံးရာကျော်လွမ်းနေခဲ့ရတဲ့ဒီလူကိုသူ့လက်မောင်းကြားထဲမှာထွေးပွေ့ထားချင်တယ်

ပြိးတော့လီလျိုကိုမြင်လိုက်ရတဲ့အချိန်မှာတကယ်လည်းသူ့ကိုသတိမမူမိစွာနဲ့ဖက်ပွေ့နမ်းရှိုက်မိတာပဲ

တကယ်တော့လည်းသူဒီလူကိုမျှော်လင့်နေခဲ့တာအရမ်းကြာနေခဲ့ပြီလေ

အဆုံးမှာတော့သူ့နှလုံးသားထဲကအလိုဆန္ဒတွေအားလုံးကိုသွန်းလောင်းပြီးသူ့ချစ်ရသူရဲ့နှုတ်ခမ်းအရသာကိုမြည်းစမ်းကြည့်မိသည်။ချူးဝူရုံသည်လည်းသူ့ရဲ့ဒီလုပ်ရပ်တွေကသူ့ဆရာကုချင်းချန်းနှင့်ပတ်သတ်တဲ့အပြုအမူတွေကိုပေါ်ကိုဘောင်ကျော်သွားမိကြောင်းရှင်းရှင်းလင်းလင်းကြီးနားလည်ထားသည်။

ဒါပေမဲ့လည်းသူ့စိတ်ထဲကထိုအလိုဆန္ဒများကိုဖိနှိပ်ထားရတာအတော်လေးကြာသွားခဲ့ပြီ

သူ့ဆီကနေကုချင်းချန်းထွက်သွားပြီးနောက်မှာထိုအလိုဆန္ဒများကထပ်မံ၍ဖိနှိပ်လို့မရခဲ့ပေ။သူသည်လည်းလီလျိုရဲ့ရှေ့မှာဟန်မဆောင်ချင်တော့ဘူး...သူ့ရှေ့ကဒီလူကိုသူလိုချင်တယ်...ဒီလူကိုတစ်သက်တာလုံးစာသူ့အပိုင်ဖြစ်စေချင်တယ်...ပြီးတော့သူ့ရှေ့ကဒီလူနဲ့တာအိုအဖော်တွေဖြစ်ချင်မိတယ်

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now