Part 70(unicode)

6.3K 1.1K 86
                                    

Chapter 70;

Warning >> VIOLENCE content alert!
Read at your own risk !

သူတို့အကြောင်းကို ဘေးလူမကြားစေချင်တဲ့အတွက်ကြောင့် ကျန်ချန်ရဲ့အသံကတိုးသည်။
ကုဖေး ခေါင်းညိတ်လိုက်ပြီး နားလည်ကြောင်းအသံပြုလိုက်သည်။သို့ပေမယ့်ရုတ်ရုတ်သဲသဲ
ဖြစ်နေသည့်ခေါင်မိုးထပ်တွင်ကျန်ချန်ကိုကုန်း
ပိုး ပွေ့ချီသွားလျှင်၊ လီပေါင်ကော်က သူတို့ကို
မြင်သွားနိုင်၏။လီပေါင်ကော်မြင်လျှင်
အိမ်နီးနားချင်းအန်တီများနှင့်ရဲအရာရှိတွေဆို
ပြောနေစရာမလိုတော့ပေ။

ထို့ပြင် ကျန်ချန်ရဲ့ပေါင်တွင်းသားတွင်ပူပူနွေး
နွေးထိုးထားသည့်တက်တူးသည်နီရဲကာရောင်
နေသေးသည်။ သူ့ကို ကျောပေါ်မှာ ကုန်းပိုးပြီး
ချီသွားဖို့အဆင်ပြေမှာမဟုတ်​ေပ။ သူ ခဏတုံ့
ဆိုင်းနေပြီးနောက်တွင် အသံတိုးတိုး နှင့်ပြောလိုက်၏။
"ငါ မင်းကိုကုန်းပိုးပြီးချီသွားရင် တက်တူးကို
ခိုက်မိလိမ့်မယ်။ငါ...ငါ မင်းကိုမင်းသမီးလေး
လို လက်မောင်းကြားမှာ ပွေ့ချီပြီး သယ်သွား
ရမလား ?။ "

"အဓိပ္ပါယ်မရှိတာ. ! "
ကျန်ချန်ရဲ့အသံက တိုးသော်လည်းငြင်းဆန်မှု
က ပြင်းထန်သည်။

"ဒါဆို ကောင်းပြီ။ "
ကုဖေးသက်ပြင်းချလိုက်သည်။ထို့နောက် သူ့
ပုခုံးပေါ်တွင် ကျန်ချန်ရဲ့လက်မောင်းတစ်ဖက်
အားတင်လိုက်ပြီး၊လက်တစ်ဖက်နှင့် ကျန်ချန်
ရဲ့ခါးကို ပွေ့ထား၍ ဘေးတိုက်ဆင်းလာခဲ့၏။
ကျန်ချန်ရဲ့ခြေဖျားသည်မြေကြီးနှင့် လွှတ်ရုံမျှလွတ်၏။သူသည်ကျန်ချန်ကိုဘေးတိုက်ပွေ့ချီ
ပြီး လှေကားပေါ်ထစ်ဆီသို့ ဆင်းလာခဲ့သည်။

သူတို့နည်းလမ်းသည် သာမာန်လှေကားထစ်
တွေကိုဆင်းနေတာဆိုလျှင် ပြသာနာ မဟုတ်
သော်လည်း၊  အဆောက်အဦးဟောင်းကြီး၏ ခေါင်မိုးထပ်သို့ဦးတည်နေသည့်လှေကားထစ်တွေသည်သံဘောင်များဖြစ်သည်။ထိုသို့သော
သံဘောင်လှေကားထစ်များသည်တစ်စုံတစ်
ယောက်ကိုကုန်ပိုးပြီးဆင်းလျှင်ကိစ္စမရှိသော်
လည်း ယခုလိုမျိုးကျန်ချန်ကိုလက်မောင်း တစ်
ဖက်တည်းနှင့် ပွေ့ချီပြီး ဆင်းလာရသည့်အခါ အနည်းနှင့်အများအခက်အခဲ ရှိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now