အခန်း (၃)

3K 307 51
                                    

Unicode

ဟိုတယ်ဝန်းထဲရှိ ရေတံခွန်အတုလေး ဘေးတွင်ရှိသော ခုံတန်းလျားလေးပေါ်တွင် ထိုင်နေသောသွေးသစ်ကိုကြည့်ရင်း သလင်းသက်ပြင်းချမိသည်။ဒီကောင်လေးက တဇွတ်ထိုးသမား၊သူဖြစ်ချင်တာဆို့ဖစ်လိုက်ရမှ ကျေနပ်တဲ့သူမျိုးဆိုတာ သလင်းမှတ်ချက်ပြုလ်ိုက်သည်။သွေးသစ်အနားရောက်အောင် လျှောက်သွားပြီး သွေးသစ်ဘေးတွင်ဝင်ထိုင်လိုက်သည့် သလင်း။ဒါတောင် ကိုယ်တော်ချောက တစ်စက်လေးမှပင် လှည့်မကြည့်။သူ့ဘက်ကတင်းတော့လည်း ကိုယ့်ဘက်ကလျှော့ရမှာပဲဟုတွေးလိုက်သည်။

"ဉာဏ်...''

"---''

"ဉာဏ်...၊ကိုယ်ခေါ်နေတယ်လေ''

"အင်း...၊ပြော ကြားတယ်''

"ဒီမှာ ဘာလုပ်နေတာလဲ၊ အထဲဝင်ကြမယ်လေ''

"မဝင်ဘူး...၊အခန်းလွတ်မရှိဘူး''

"ဒါလား၊ကိုယ်အဆင်ပြေအောင်လုပ်ပေးမယ်၊လာအထဲဝင်ရအောင်''

"မဝင်ချင်ဘူး၊ဒီမှာနေဦးမယ်''

နှစ်ယောက်သား စကားပြောနေကြသော်လည်း မျက်နှာမူရာက လားရာတစ်ဖက်တည်း။အခုထိ နှစ်ယောက်လုံး မျက်နှာချင်းမဆိုင်ရသေးပေ။အေးစက်နေသောလေညှင်းအချို့က သူတို့နှစ်ဦးကိုဖြတ်သန်းတိုက်ခတ်လျက်။

"အထဲဝင်ရအောင် ဉာဏ်၊ကိုယ်အရမ်းချမ်း....အာ့''

"အခုနွေးသွားပြီလား သလင်း''

သလင်းစကားဆုံးအောင်ပင်မပြောလိုက်ရပေ။သွေးသစ်က သလင်းကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။အမှန်ပင်နွေးထွေးသွားရသည်။သွေးသစ်ဒီချိန်လေးကို တန်ဖိုးထားမက်မောသည်။ခုနတုန်းက သွေးသစ်တစ်ယောက်ထဲထိုင်နေတာ အလကားသက်သက်မဟုတ်။သူ့ကိုယ်သူပြန်ဆန်းစစ်နေခြင်းပင်ဖြစ်သည်။
တစ်ရက်တောင်မပြည့်သေးဘဲ သူစိမ်းတစ်ယောက်ကို မြတ်နိုးတွယ်တာနေတာဟာ သာယာမှုသက်သက်ပေလား။သို့တည်းမဟုတ် တစ်ကောင်ကြွက်အထီးကျန်နေတဲ့ဘဝကို အဆုံးသတ်ပေးဖို့ ဘုရားသခင်ကဖန်တီးပေးလိုက်သော သူ့ရဲ့ပါရမီဖြည့်ဖက်ပေလား။

"အင်း လွှတ်တော့၊လာ အထဲဝင်ရအောင်''

သိုင်းဖက်ထားသည့် သွေးသစ်ရဲ့လက်တွေကို ရုန်းထွက်လိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။ပြောပြီးထွက်သွားရန်ပြင်နေသည့် သလင်းရဲ့လက်လေးကိုလှမ်းဆွဲလိုက်သည်။ရာသီဥတုကအေးသဖြင့် သွေးသစ်ရဲ့လက်တွေပါ အေးစက်နေသည်ကို သလင်းသတ်ိထားမိလိုက်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now