အခန်း (၅)

2.4K 250 34
                                    

Unicode

မနေ့ကမှ ခရီးကပြန်ရောက်သည်ဖြစ်သော်လည်း အနားယူရန် သလင်းမစဥ်းစားမိ။ရုံးကိုသွားဖို့သာ အစဥ်အလာမပျက် ပြင်ဆင်နေပြီဖြစ်သည်။ဆံပင်ကိုခေါင်းလိမ်းဆီအချို့လိမ်းကာ နောက်သို့လှပ်တင်ထားသည်။နက်ပြာရောင်ရှပ်အင်္ကျီလက်ရှည်နှင့် အနက်ရောင်ဘောင်းဘီရှည်ကို သပ်သပ်ရပ်ရပ်တွဲဖက် ဝတ်ဆင်လိုက်သည်။ထို့နောက် cherry oo တံဆိပ် နာရီတစ်လုံးကိုလက်တွင်ပတ်လိုက်သည်။စားပွဲပေါ်တွင်တင်ထားသော ဖုန်းနှင့်လက်ဆွဲအိတ်ကို လှမ်းယူလိုက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။

သလင်းကတစ်ဦးတည်းနေသော်လည်း နေထိုင်ခဲ့သည့်အသ်ိုင်းအဝိုင်းရဲ့သင်ပြမှုကြောင့် အနေအထိုင်သပ်ရပ်သည်။အများထင်သလို ယောက်ျားလေးတစ်ဦးတည်းနေတယ်ဆိုပြီး ရှုပ်ပွပေရေနေခြင်းအလျင်းမရှ်ိ။Condoရှေ့မှာ ရပ်ထားသည့် တက္ကစီတစ်စီးပေါ်တက်လိုက်ပြီး ''Future'' ကုမ္ပဏီသို့ထွက်လာခဲ့သည်။

နာရီဝက်ခန့် တက္ကစီစီးပြီးသွားသည့်အခါမှာတော့ ကားလေးသည် ''Future'' group၏ main buildingရှေ့တွင်ထိုးရပ်လ်ိုက်သည်။သလင်းကားဆရာကို ပိုက်ဆံရှင်းပေးလိုက်ပြီး အဆောက်အဦးထဲဝင်လာခဲ့သည်။''Future"၏ main building က နှစ်ထပ်ဖြစ်သည်။အပေါ်ထပ်တွင် ရုံးခန်းရှိပြီး အပေါ်ထပ်မှာပဲ အလုပ်လုပ်ကြရသည်။အောက်ထပ်တွင်တော့ စားသောက်ခန်းနှင့်နားနေခန်းတို့ရှိသည်။

သလင်း ဧည့်ကြိုကောင်မလေးများကိုနှုတ်ဆက်လိုက်ပြီး အပေါ်ထပ်သို့သာ ဦးတည်လိုက်သည်။အပေါ်ထပ်မှ ဌာနအသီးသီးကိုဖြတ်လာခဲ့ပြီး လျှောက်လမ်းရဲ့အဆုံးမှာရှိနေသော ရုံးခန်းထဲသို့ဝင်ပြီး သလင်းနွေဆိုသည့်နာမည်ကတ်လေး ထောင်ထားသော စားပွဲတွင်နေရာယူလိုက်သည်။စားပွဲတွင်ဝင်ထိုင်လိုက်ပြီး laptopဖွင့်လ်ိုက်ပြီး အလုပ်လုပ်ရန်ပြင်လိုက်သည်။

"တီ..တီ...''

"ဒေါက် ဒေါက်''

တံခါးခေါက်သံနှင့်အတူ ပေါ်ထွက်လာသည့် စားပွဲပေါ်က ဖုန်းဆီသို့စာဝင်သည့်အသံ။

သလင်း ဖုန်းကိုဂရုမစိုက်ဘဲ တံခါးဆီသို့သာ အာရုံစိုက်ပြီး ကြည့်လိုက်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now