Arc(3.36)

4.9K 769 2
                                    

Unicode

Arc(3.36)

ထိုစကားကိုကြားပြီးနောက်လူလတ်ပိုင်းကြီးရဲ့မျက်လုံးကအနည်းငယ်ကျုံ့သွားသည်။ထျန်းယွင်တိုက်မကြီးမှဝိဉာဏ်စွမ်းအားကတကယ့်ကိုပါးလွှာလာပြီဖြစ်သော်လည်းကျင့်ကြံသူများအတွက်ကတော့သူတို့မှာတိုးတက်ဖို့အခွင့်အရေးမရှိတာမဟုတ်ပေ။

အကြောင်းကတော့ထျန်းယွင်တိုက်မကြီးရဲ့အပြင်ဘက်မှာပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာကြီးတစ်ခုရှိနေသေးသည်။ဒါ့အပြင်အဲ့ဒါကလည်းနှစ်ပေါင်းငါးရာမှာတစ်ကြိမ်သာဖွင့်တဲ့ကြာပန်းအမတလှိုင်ဂူမှလာတာဖြစ်သည်။

လူလတ်ပိုင်းကြီးသည်မူလကတော့သူ့ကျင့်ကြံဆင့်ကSynthesisအဆင့်မှာသာရပ်တန့်သွားမှာဖြစ်ပြီးဒီထက်ပိုမတိုးတက်နိုင်တော့ဘူးလို့ထင်ခဲ့မိသည်။သူ့သက်တမ်းကလည်းတစ်ဖြည်းဖြည်းနီးကပ်လာတာကြောင့်မျှော်လင့်ချက်မဲ့နေခဲ့ရတာဖြစ်သည်။

သို့သော်သူလွန်ခဲ့တဲ့နှစ်နှစ်ထောင်လောက်တုန်းကကြာပန်းအမတလှိုင်ဂူထဲဝင်တဲ့အချိန်မှာကြာပန်းအမတလှိုင်ဂူပိုင်ရှင်ဖြစ်သည့်ဟန်ကွော်အမတသခင်ရဲ့ကိုယ်တိုင်ရေးမှတ်စုကိုမတော်တဆရရှိခဲ့သည်။

အဲ့ဒီအချိန်မှသာရှေးခေတ်တုန်းကကျော်ကြားသည့်အနန္တတန်ခိုးရှင်အမတသခင်ဟန်ကွော်ကအမှန်တကယ်တော့ထျန်းယွင်တိုက်မကြီးမှမဟုတ်ကြောင်းသူသိခဲ့ရသည်။

ဟွမ်ကွော်အမတသခင်ရဲ့ကိုယ်တိုင်ရေးမှတ်စုထဲမှာဖော်ပြပုံအရဆိုရင်သူနဲ့ဖွဲ့စည်းပုံတူညီပြီးသူတို့ရဲ့နှလုံးသွေးအနှစ်သာရကိုအသုံးချနိုင်တဲ့ကျင့်ကြံသူသာရှေးခေတ်မှလက်ဆင့်ကမ်းခဲ့သည့်မှော်အတတ်ကိုအသုံးချ၍ကမ္ဘာနှစ်ခုကိုဖြတ်သန်းခွင့်ရနိုင်ပြီးသိသာသိပြီးမမြင်ရနိုင်သောဘယ်တော့မှထိတွေ့ခွင့်မရနိုင်သည့်ဝေးလံသောမြေကိုရောက်သွားနိုင်သည်ဟုဖော်ပြထားခဲ့သည်။

ဟန်ကွော်အမတသခင်သည်ထိုမှော်အစီအရင်ကိုရရှိပြီးနောက်သူသည်လည်းရှာဖွေမှုတစ်ချိုပြုလုပ်ခဲ့သည်။ဘာပြဿနာမှမရှိတာကိုအတည်ပြုပြီးနောက်သူ့ရဲ့ရင်းနှီးသောမိတ်ဆွေအားနှစ်ပေါင်းများစွာစမ်းသပ်ခွင့်ပြုခဲ့သည်။သို့သော်သူ့ရဲ့ရင်းနှီးသောမိတ်ဆွေရဲ့သွေးအနှစ်သာရသည်အစီအရင်အားအောင်မြင်အောင်အသက်သွင်းနိုင်ခြင်းမရှိခဲ့ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now