🔒 ငယ်ကျွန် - ၄ 🔒 ကလေးလေးချစ်တဲ့ ကိုကို

2.5K 71 2
                                        

'ကိုကို ထက်မြတ်'

'ကိုကို ထက်မြတ်'

'ကိုကို ထက်မြတ်'

'ကိုကို ထက်မြတ်'

မိုးလင်းတာနဲ့ ကြားရမယ့် ဒီအသံ၊ ချိုသာတဲ့ ကလေးတစ်ယောက်ရဲ့ အဆက်မပြတ် ခေါ်နေတတ်တဲ့ ဒီအသံ၊ ခေါ်သံ ရှိနေပေမယ့် ပြန်ထူးတဲ့အသံကို ရံဖန်ရံခါ မကြားရတတ်ဘူး။

အကြောင်းကတော့ ဒီလောက် တောက်တဲ့လို လိုက်ကပ်နေမှတော့ ပြန်ထူးရတဲ့သူလဲ မောပြီပေါ့။

မိုးမခ ခြံဝန်းကြီးထဲမှာ သားစဉ်မြေးဆက် သားသမီး တစ်ဦးစီသာ ထွန်းကားခဲ့တယ်။ အခုလဲ စော်ဘွားမျိုးရဲ့ ၈ဆက်မြောက် မြေးဦးလေး မင်းပိုင်စိုး ကို မွေးဖွားလာတော့ အဖိုးအဖွားတွေ အဖေအမေတွေ အကုန်လုံးက ဝိုင်းပြီးချစ်ကြတာ လက်ကနေကို မချဘူး။

မိဘတွေပဲ ချစ်တာ မဟုတ်ဘူး၊ အိမ်တော်ရဲ့ အခြွေအရံ အခိုင်းစေတွေ အားလုံးကလဲ မွေးကင်းစ ကလေးလေးကို ချစ်လွန်းလို့ သခင်လေး သခင်လေး နဲ့ ပါးစပ်ဖျားက မချဘူး။ ဒီအထဲမှာတော့
အိမ်တော်ထိန်း လူယုံတော် မမြအေး က အကဲပိုဆုံးပဲ။

မမြအေးရဲ့ အမျိုးသားဟာ မင်းပိုင်စိုးရဲ့ ဖခင်
အိမ်တော်ရဲ့ သခင်ကြီး ဆီမှာ အမှုထမ်းတဲ့ သက်တော်စောင့်ပေါ့။ ဟိုးအရင် ဘိုးဘွား လက်ထပ်ကတည်းက မမြအေးရဲ့ အဖေတွေ အဖိုးတွေဟာ လူယုံတော်တွေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်။

မမြအေး အမျိုးသား ဆုံးသွားတော့ အသက် ၇နှစ် အရွယ် သားလေးကို ထိန်းကျောင်းရင်း အိမ်တော်ထိန်း တာဝန်ကို ယူကာ မိုးမခ ခြံကြီးထဲမှာ အမှုထမ်းရင်း သားအရင်းနှင့် မခြားတဲ့ သခင်လေး မင်းပိုင်စိုး က မမြအေးရဲ့ ဒုတိယသား ဖြစ်လာခဲ့တယ်။

ညီတစ်ယောက်လို မသတ်မှတ်တဲ့ ထက်မြတ်နိုင်ကတော့ အိမ်ကြီးရဲ့ အရှင် မင်းပိုင်စိုးရဲ့ အကြောက်ရဆုံးသူ ဖြစ်လာခဲ့တယ်။

'ကိုကို ထက်မြတ်'

ဒီအသံက နားအခါးဆုံးပဲ၊ အချိန်တိုင်း လိုက်ကပ်၊ အချိန်တိုင်း လိုက်ချွဲနေတာ ငါ့ကို သူ့အမေများ ထင်နေလား မသိဘူး ဟူး.....

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now