ကလေးရဲ့လူကြီး(Part-2)

1K 75 10
                                    

Unicode
_________

"လုလု..ဘာဖြစ်နေတာလဲ..ပြန်လာထဲက..ရုပ်ကြီးကဖြီးနေတာပဲ"

Ommaပြောမှပဲ ရှောင်လုတစ်ယောက်.သူ့ကိုယ်သူသတိထားမိတယ်။သူတစ်နေ့လုံး ဟိုလူကြီးအကြောင်းတွေးနေမိတာကို။

"ဘာမှမဖြစ်ပါဘူး ommaရဲ့...ကိုယ့်သားလေးပြုံးနေတာကို..မကြိုက်လို့လား."

"မဟုတ်ရပါဘူးရှင်..ပြုံးပါပြုံးပါ...ommaသားလေးပြုံးပျော်နေတာမြင်ရရင် ommaကပျော်တာပေါ့"

"ဟီးဟီး...omma..အာ့တာဆို သားသွားအိပ်တော့မယ်နော်"

"ကောင်းပါပြီရှင်..."

'ရွှတ်' "Good nightနော်.omma"

ommaရဲ့ပါးလေးကိုနမ်းပြီး.အပေါ်ထပ်ကို ပြေးတက်လာခဲ့တယ်။

အိပ်ချိန်ရောက်ဖို့ကလိုပါသေးတယ်။ဒါပေမဲ့လုလုအောက်မှာဆက်မနေချင်တော့ပေ။ ဘာကြောင့်လဲဆိုတော့  ဟိုလူကြီးအကြောင်းဆက်ပြီးတွေးမလို့လေ..ဟဲဟဲ။

ကုတင်ပေါ်ကိုခြေပစ်လက်ပစ်လှဲချလိုက်ပြီး..သူ့ရဲ့လူကြီးအကြောင်းကို.ဆက်လိုက်တယ်။

*အားယား..ခင်ဗျားကြီးကဘယ်သူလဲ...ဘာလို့ကျွန်တော်ခင်ဗျားအကြောင်းပဲတွေးနေရတာလဲ။
ခင်ဗျာကို ကျွန်တော်မြင်မြင်ချင်းစိတ်ဝင်စားသွားပြီဗျာ။ကျွန်တော်က Gayတစ်ယောက်မဟုတ်ပေမဲ့..ခင်ဗျားနဲ့ကျမှGayတော့မယ်နဲ့တူတယ်..luluရဲ့လူကြီးရယ်။*

လုဟန်တစ်ယောက် သူ့လူကြီးရဲ့အကြောင်းကိုတွေးပြီးစိတ်ကူးယဥ်နေသည်မှာတဖြည်းဖြည်းနဲ့ညဥ်နက်လာသည်။

သို့ပေမဲ့ လုလုတစ်ယောက်ကတော့.အိပ်မပျော်ပေ။

*အဲ့ဒီလူကြီးနဲ့ငါနဲ့ထပ်တွေ့နိင်ပါ့မလား။သူဘယ်သူလဲငါမသိ။သူဘယ်မှာနေမှန်းလဲငါမသိ။ဘယ်လိုလုပ်ရပါ့မလဲ။ပြီးတော့..သူကငါ့ကို
ဆိုးတဲ့ကလေးလို့ထင်သွားလားမသိဘူး။ဟူး😤လုလုရဲ့လူကြီးရေ..ခင်ဗျားတော်တော် ဖမ်းစားနိုင်ပါလား*

လုဟန်တစ်ယောက်အတွေးထဲနစ်မြောလွန်ပြီး မနက်သုံးနာရီလောက်မှအိပ်ပျော်သွားသည်။
ထို့ကြောင့်..သူတို့နှင့်ဘေးချင်းကပ်ရှိ ခြံထဲသို့ကားလေးတစ်စီးဝင်လာခဲ့သည်ကို..သူတစ်ယောက်မသိနိုင်တော့ပေ။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now