Part-53

20.7K 2.1K 92
                                    

(Zawgyi)🍀🍀🍀🍀

Part-53
(ကိုယ်..ချစ်သော clover...!!..)

"မင်း..မင်းညီလေးအပေါ်ခံစားချက်ရှိနေတာလား.."

ဒီရေလှိုင်း၏အမေးစကားအဆုံး အခန်းအခြေအနေ
မှာ အနည်းငယ်တိတ်ဆိတ်သွားရသလို သစ်မိုးအိမ်
၏မျက်ခုံးများလည်း အထက်သို့အနည်းငယ်မြင့်
တက်သွားရသည်။ သစ်မိုးအိမ် ဒီရေလှိုင်းကို
ကြည့်လိုက်တော့ ဒီရေလှိုင်း၏အမူအရာမှာ
ရှုပ်ထွေး​နေသည်။ သစ်မိုးအိမ် ပြောလိုက်သည်။

"ခံစားချက်? .. ဘယ်လိုခံစားချက်မျိုးကို
ပြောချင်တာလဲ ဒီရေလှိုင်း.."

သစ်မိုးအိမ် ဒီရေလှိုင်းကိုတုန့်ပြန်မေးခွန်းထုတ်
လိုက်သည်။ သစ်မိုးအိမ်၏ တုန့်ပြန်မေးခွန်း
အဆုံး ဒီရေလှိုင်းက အနည်းငယ်တိတ်ဆိတ်
သွားသော်လည်း ပြန်ဖြေလာသည်။

"ငါဘာကိုဆိုလိုတာလဲဆိုတာ မင်းကောင်းကောင်း
သိပါတယ် သစ်မိုးအိမ်။ ဒါပေမယ့် မင်းတို့
နှစ်ယောက်က ညီအစ်ကိုတွေလေ။ ဒါမဖြစ်သင့်
ဖူးမလား.."

"ညီအစ်ကိုတွေ..? ဟားဟားဟား..ဟားဟား..!!.."

သစ်မိုးအိမ် ကမ္ဘာအရီရဆုံးဟာသတစ်ခုအား ကြား
လိုက်ရသကဲ့သို့ အော်ရယ်မိတော့သည်။ ဟုတ်တာ
ပေါ့ အားလုံးအမြင်မှာ သစ်မိုးအိမ်ဆိုသော မိမိက
သစ်ရွက်စိမ်းဆိုသော ကလေးငယ်၏ အစ်ကိုကြီး
ဦးထက်နောင်၏ အားကိုးရသောသားကြီးပင်
မလား။

သစ်မိုးအိမ်ကို မွေးစားသည့်ကိစ္စများမှာလည်း
ဆယ်စုနှစ်တစ်ခုစာနီးပါးကြာပြီဖြစ်သည့်အပြင်
ထိုအချိန်ကသိသူများမှာလည်း လူအနည်းငယ်
သာဖြစ်သည်။ အချိန်ကြာလာသောအခါ လျှို့ဝှက်
ချက်မဟုတ်သော်လည်း ထိုအကြောင်းအရာမှာ
တစ်ဖြည်းဖြည်းတိမ်မြုပ်သွားတော့သည်။ ထို့ပြင်
ဘယ်သူကများ အတင့်ရဲကာ အရင်ကကိစ္စများ
ကိုပြန်ဖော်ပြီး အစွမ်းအစကြီးမားသော
နတ်ဆိုးသခင်လေးကို စိတ်အနှောင့်အယှက်
ဖြစ်အောင် ပြုရဲမှာတဲ့လဲလေ။ ထို့ကြောင့်
ဒီရေလှိုင်း မသိသည်မှာပုံမှန်ဟုပင်ဆိုနိုင်သည်။

သစ်မိုးအိမ် ခေါင်းအသာခါလိုက်ကာ ရီမောခြင်း
ကိုလက်စသတ်လိုက်ပြီး ဒီရေလှိုင်းကိုကြည့်လိုက်
သည်။ ထို့နောက်ရှည်ရှည်ဝေးဝေးမရှင်းပြချင်သော
ကြောင့် တိုရှင်းသောမှတ်ချက်တစ်ခုကိုသာပေးလိုက်
သည်။

Clover your'e my clover[Completed]Where stories live. Discover now