Chapter 109

3.8K 637 39
                                    

(Zawgyi)
{ ပွဲသိမ်းရိုက်ချက် - ၁ }

လုပေရွှမ်းရဲ့အကြည့်တို့ဟာ ရီကျန်းတစ်ယောက်တည်းဆီ၌သာ အချိန်ကြာကြာအထိ ရှိနေခဲ့၏။

" ရည်းစားဟောင်း?? ကိုယ်တောင် မသိရပါလား?? "  လုပေရွှမ်းဟာ နူးညံ့စွာ ပြန်ဖြေလိုက်ရင်း ရီကျန်းနားတွင် ဝင်ထိုင်လိုက်လေတယ်။ သူသည် တည်ငြိမ်အေးချမ်းသောပုံစံဖြစ်အောင် ချုပ်တည်းနေရသည့်မြင်းနက်တစ်ကောင်နှင့် တူလှသည်။ ထို့နောက် သူ့လက်တစ်ဖက်နှင့် ရီကျန်းရဲ့ခါးလေးကို ဆွဲဖက်ထားလိုက်ကာ ရီကျန်းလက်ထဲမှ ခွက်ကိုကြည့်လိုက်ပြီး စကားတစ်ခုကို တိုးတိုးလေး ကပ်ပြောလိုက်လေတယ်။

" အဲ့ဒါက ဘာလဲ "

ရီကျန်းဟာ သူမလက်ထဲမှ ခွက်ကို လုပေရွှမ်းရဲ့နှာခေါင်းနားသို့ ကပ်ပေးလိုက်တဲ့အခါ လုပေရွှမ်းသည် လိမ္မော်သီးရနံ့လေးကို ရလိုက်လေသည်။

" လိမ္မော်သီးဖျော်ရည် "

" Omm... မင်းက ကိုယ်ဝန်နဲ့နော်။ အရက်လုံးဝ မသောက်ရဘူး။ ဟုတ်ပြီလား "

ထိုအခါ ရီကျန်းက အနှီအမျိုးသားကို ကြည့်လိုက်ရင်း  " ဟုတ်ပါပြီရှင်။ ကျွန်မ သိပါတယ်။ ရှင် ကျွန်မကို အကြိမ်တစ်သောင်းလောက် ပြောပြီးပါပြီနော် ဟွန့် "

လုပေရွှမ်းဟာ သူ့ဇနီးသည်ရဲ့ချစ်စရာကောင်းတဲ့ပုံစံကို ကြည့်ရင်း နွေးထွေးစွာပြုံးလိုက်ကာ  " မင်း ပင်ပန်းနေရင် သွားနားနေလိုက်လေ။ ကိုယ်တို့ ညစာစားပြီးတာနဲ့ ပြန်ကြမယ် "

ထိုအချစ်ငှက်နှစ်ကောင်ဟာ သူတို့နားတွင် ဘယ်သူမှမရှိသလိုပုံစံဖြင့် သူတို့နှစ်ဉီးသာ အပြန်အလှန် စကားပြောနေလေရဲ့။

ထိုချိန်တွင် ရီချင်းသည် အနည်းငယ်ချောင်းဟန့်လိုက်ပြီး စားပွဲပေါ်မှ ဝိုင်နီခွက်ကို လှမ်းယူလိုက်ရင်း သူမဘေးမှ ရှန်ဝေ့ရင်းရဲ့မျက်နှာအခြေအနေကို တိတ်တဆိတ် အကဲခတ်လိုက်လေသည်။

ဆုပေါင်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သော သရုပ်ဆောင်တစ်ယောက်ပီပီ ရှန်ဝေ့ရင်းဟာ သူမရဲ့စိတ်ခံစားချက်တို့ကို ဖုံးကွယ်သည့်နေရာ၌ တော်လွန်းလှတယ်။ သူမနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ သရုပ်ဆောင်မင်းသားတွေနဲ့ ဒါရိုက်တာတွေက သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ချီးမွမ်းကြတတ်သေး၏။ သူမရှေ့တွင် ရီကျန်းနှင့်လုပေရွှမ်းတို့သည် အချစ်ငှက်လေးတွေလို နေပြနေသော်လည်း သူမရဲ့မျက်နှာပုံစံသည် ပျက်ယွင်းသွားခြင်း လုံးဝမရှိချေ။ သူမသည် လုပေရွှမ်းကို သူမရဲ့သာမန်သူငယ်ချင်းတစ်ယောက်ကို ကြည့်နေသည့်ပုံစံဖြင့်သာ စောင့်ကြည့်နေလေတယ်။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now