9

5.2K 749 61
                                    

||Unicode||

ဆေးခန်းက လူနာတွေနဲ့ အ၀င်ထွက်တွေ
ရှုပ်နေပေမယ့် အလုပ်ပေါ်မှာ
စိတ်မနှစ်နိုင်သူက Namjoonပင်။

အခုဆို Taehyung နဲ့ Jiminကို
အဆက်သွယ်မရတာ 2လ လောက်ပင်ရှိတော့
မည်။

တက်နိုင်သလောက် ရှာဖွေခဲ့ပေမယ့်
ဘာအစနမှ မရခဲ့။

" အစကတည်းက မကယ်ဘဲ သေခိုင်းလိုက်သင့်တာ တောက်ခ်!"

Taehyungပျောက်သွားတဲ့အကြောင်း
ပန်းဆိုင်လေး ပျက်စီးသွားတဲ့ အကြောင်း
တွေးလိုက််မိတိုင်း ဒေါသတွေက သူထိုနေ့ညက
ဆေးကုပေးခဲ့တဲ့ လူစိမ်းကိုပင်။

လူကောင်းမဟုတ်ဖူးဆိုတာ စိတ်ကသိပေမယ့်
Taehyungမျက်နှာကြောင့် ကုပေးခဲ့သည်။

" ဟူးးးး"

နက်ခ်တိုင်ကို ဖြေလျော့ရင်း ချစ်ရတဲ့
သူကို တမ်းတရေရွတ်မိရင်း။

" သတိရတယ် င့့ါရဲ့ Baby Jin ...."

.

.

.

" မနက်ဖြန်ည 1နာရီမှာ ပစ္စည်းကို ရအောင်လွှဲခဲ့
အရင်တစ်ခေါက်ကလို ထပ်ဖြစ်မယ်ဆို
ကိုယ့်အခေါင်းကိုယ်ပြင်ထားကြ ကြားလား"

" ဟုတ်ကဲ့ပါ ဘော့စ်"

" နောက်..."

" JungKook!...အွန်းး"

" Oh! F*ck Taehyung !"

မနက်ဖြန်အရောင်း၀ယ်အတွက် ညွှန်ကြား
နေတုန်း တံခါးပေါက်က သူ့နာမည်
ခေါ်သံကြောင့် ပြောလက်စ စကားတွေ
ရပ်သွားပြီး မြင်လိုက်ရတဲ့ ပုံစံလေးကြောင့်
လွှတ်ခနဲ ဆဲလိုက်မိတဲ့အဖြစ်...

သူကလွဲရင် အခန်းထဲက လူအကုန်
"Taehyung " ဆိုတဲ့ နာမည်ကြားတာနဲ့
မျက်စိစုံမှိတ်ကာ အခန်းထဲက အလျှိုလျှို
ထွက်ကုန်ကြသည် မခန့်မသင့်ရင် JungKookရဲ့
သေနတ်ကျည်စံက သူတို့မျက်လုံးတွေဆီ
ရောက်လာနိုင်လို့ပင်။

နာရီကြည့်တော့ ၂နာရီတောင်ထိုးနေပြီမို့
အိပ်ယာကနေ တစ်ရေးနိုးလာတာဖြစ်လိမ့်မည်။

ဆံပင်ကောက်ကောက်လေးတွေက ပွနေပြီး
ညအိပ်၀တ်စုံက အနည်းငယ်ကြီးနေတာမို့
ပုခုံးသွယ်သွယ်ပေါ်မှာ လျော့တိလျော့ရဲနဲ့......

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now