FOD: Extra 1_ Chapter (10-4) -နှစ်ယောက်တည်း ကမ္ဘာ

4.1K 639 9
                                    

FOD: Extra 1_ Chapter (10-4) -နှစ်ယောက်တည်း ကမ္ဘာ

"မင်းက 'အမူအကျင့်' ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရမယ်ဆိုတာ သိရဲ့လား "

('အမူအကျင့်' ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရမယ်ဆိုတာ သိရဲ့လား - မင်းမှာ စောင့်ထိန်းရမယ့် အမူအကျင့် ကျင့်ဝတ် မရှိဘူး ဟု တဖက်သားကို ပြောဆိုသည့် စကားလုံးဖြစ်သည်။)

ကျိုးယွင်ရှန့်သည် ရုတ်တရက် လူမိသွားသောကြောင့် ထိတ်လန့်နေရာမှ လျင်မြန်စွာပြန်လည်ကောင်းမွန်လာပြီး ယုံကြည်မှုအပြည့်ဖြင့် ရပ်ခဲ့သည်။ အပေါ်က ခြုံထားသော ရွှယ်ဇီရွမ် ရဲ့ အကျီကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြု၍ သူ့ဘောင်းဘီကို ပြန်လည် ဝတ်ဆင်ခဲ့သည်။ သူ့ အဖြူရောင်ရှပ်အင်္ကျီပေါ်က ကြယ်သီးတွေ အားလုံးက ရွှယ်ဇီရွမ်၏ စိတ်မရှည်ခြင်းကြောင့် လုံးပြုတ်ထွက်ကုန်ပြီ ဖြစ်သည်။ သူက ဗီရိုကိုဖွင့်ပြီး ကြုံရာ တစ်ထည်ကို ထုတ်ကာ ဝတ်လိုက်သည်။ နောက်ဆုံး သူသည် အပြစ်ကျူးလွန်သူကို သတိပြုမိလိုက်သည်။

ချစ်ခြင်းရဲ့ တပ်မက်မှုတွေ လျော့ပါးသွားချိန်တွင် ဆယ်ကျော်သက်လေး၏မျက်လုံးများသည် ကြယ်ကလေးတွေလို ပြန်လည် တောက်ပနေသည်။ အဆိုပါ မျက်ဝန်းလေးတွေနဲ့ အကြည့်ခံလိုက်ရချိန်တွင် ရွှယ်ဇီရွမ် အတွက် ပရောပရည်စိုက်ကြည့်ခံရသလိုမျိုး ရင်ထဲကို ကြောင်လက်သည်းလေးများနှင့် ကုတ်ခြစ်ခံရသလို အူယားသွားမိသည်။ သူ့နှလုံးသားလေးကို ကလိသလို ခံစားရခြင်း နှင့်အတူ သူ၏အောက်ပိုင်း သီးသန့်နေရာက တင်းမာလာသည်။ သူက ကလေးငယ်ကို သူ၏လက်မောင်းကြား ဆွဲသွင်းကာ ကျင်းရှန့်ရီရှေ့မှာပင် ပေါ်တင် နမ်းလိုက်သည်။ ဒီအချိန်မှာ နမ်းတဲ့ အနမ်းက နဖူး သို့မဟုတ် ပါးပေါ်ကို နမ်းခြင်း မဟုတ်ပဲ ချစ်သူစုံတွဲ တွေကြား နမ်းကြသည့် တကယ့်ပြင်သစ်အနမ်းဖြစ်သည်။ နမ်းပြီးတဲ့နောက်မှာ သူက လူငယ်လေး၏ အနီရောင်ဖြစ်ကာ ရောင်ရမ်းနေတဲ့နှုတ်ခမ်းလေးတွေကို လက်နှင့် အသာယာထိကာ သူ နမ်းချင်သေးတယ်ဆိုရင်တောင် သနားသဖြင့် အသာရပ်ပေးခဲ့သည်။

ရွှယ်ကျင်းရီရဲ့တစ်ကိုယ်လုံးမတည်မငြိမ်ဖြစ်ကာ သူမသည် ငိုချင်ပေမယ့် ငိုလို့မရပဲ ရင်ထဲမှာ ဆို့ကျပ်နေခဲ့သည်။ ငယ်စဉ်ကတည်းက သူ့အိပ်မက်ထဲတွေအထိ ထည့်မက်ကာ တဖက်သတ် ချစ်မြတ်နိုးရပါသော ကိုကို ရွှယ်ဇီရွမ် က သူမ မဟုတ်သည့် သူမနှင့် ရုပ်ဆင်းတထေရာတည်း တူလှသော တောသား အမွှာအကိုရင်းကို ချစ်မြတ်နိုးစွာ ပွေ့ဖက် နမ်းရှိုက်နေသည့် မြင်ကွင်းက သူမကို မယုံကြည်နိုင်အောင် ဖြစ်ကာ ကြောင်အသွားစေသည်။ သူမက အစောပိုင်း အခန်းတံခါးမခေါက်ပဲ ဝင်လာစဉ်က တွေ့လိုက်ရသည့် ကြမ်းပြင်ထက်မှာ မဖွယ်မရာ ချစ်တင်းနှောလုဆဲဆဲ မြင်ကွင်းကို ပြန်လည် သတိရလာပြီး ထိတ်လန့်နေသော ငှက်များ၏ အသံကဲ့သို့ သူမ တိုးတိုးလေးမေးလိုက်သည်

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now