Chapter(262) - လင်မိသားစုရဲ့သခင်လေး

3.9K 811 30
                                    

Unicode

အခန်း(၂၆၂) - လင်မိသားစုရဲ့သခင်လေး

လင်ရွှမ်းဇီကအတော်လေးကိုအမြင်ပွင့်လင်းတဲ့သူမျိုးဖြစ်သည်။သူ့အတိတ်ဘဝတုန်းကငွေကြေးအနည်းငယ်တောင်မထိတွေ့ခဲ့တာကြောင့်သူ့ကျင့်ကြံမှုဆုံးရှုံးသွားတဲ့အချိန်မှာယန်ထျန်းဟန်ကငါးယွမ်ဆန်တောင်မစားနိုင်ဘူးဖြစ်သွားခဲ့ရသည်။ဒီဘဝမှာတော့ဒီလိုမျိူးရှေးဟောင်းဆန်မနေချင်ဘူး။

မျက်နှာကဘာတွေများထိုက်တန်နေလို့လဲ?အဲ့ဒါကတန်ဖိုးအရှိဆုံးအရာတစ်ခုဖြစ်သလိုတစ်ချိန်တည်းမှာတန်ဖိုးအနည်းဆုံးအရာလည်းဖြစ်တယ်။လင်ရွှမ်းဇီကတော့သူ့မျက်နှာကိုသုံးပြီးငွေရအောင်လုပ်လို့ရနိင်လောက်တယ်ဆိုတဲ့အထိသူ့ကိုယ်သူမြင့်မြင့်မတွေးထားဘူးရယ်။

လင်ရွှမ်းဇီသည်လည်းကောလဟာလများစွာကြားထားသည်။သူ့နောက်ကွယ်တွင်ထိုလက်မှုပညာရှင်တော်တော်များများပြောကြသည်မှာသူကဆင်းရဲမွဲတေခဲ့မှုကြောင့်ရူးသွပ်သွားပြီးပိုက်ဆံရှာနိုင်ရန်အစုလိုက်အပြုံလိုက်ဖြင့်ပစ္စည်းများပြုလုပ်နေသည်ဟု..

တကယ်တော့လည်းမာနထောင်လွှားတတ်ပြီးအဖိုးတန်လှတဲ့လက်မှုပညာရှင်တစ်ယောက်အနေနဲ့သူတို့ရဲ့မှော်ရတနာများတန်ဖိုးနှင့်သူတို့ရဲ့ကိုယ်ပိုင်အဆင့်အတန်းကိုခိုင်မာစေရန်သူတို့ပြုလုပ်သည့်လက်မှုပစ္စည်းများအားအရေအတွက်လျော့ချပစ်သင့်တာဖြစ်သည်။အဲ့ဒါမှသာကျင့်ကြံသူများကလက်မှုပညာရှင်များရဲ့အရေးပါပုံကိုနားလည်ကြမှာပင်။

လင်ရွှမ်းဇီကတော့ထိုစကားလုံးများကိုဂရုကိုမစိုက်ဘူး။အားဟန်လိုချင်သမျှအရာအားလုံးကိုစိုးရိမ်ပူပန်ခြင်းမရှိဝယ်,ဝယ်,ဝယ်ပေးနိုင်ဖို့ကိုသာသူအလိုရှိတယ်...အခုချိန်ကစပြီးသူလုပ်နိုင်မျှနည်းလမ်းအားလုံးသုံးလို့အားဟန်အတွက်ကြီးမားလှတဲ့စီးပွားရေးအင်ပါယာတစ်ခုတည်ဆောက်ပေးမှာ

စွမ်းအားမြင့်ကျင့်ကြံသူတွေ၊အားဟန်ကိုအသေခံပြီးကာကွယ်ပေးနိုင်မယ့်အသေခံသက်တော်စောင့်တွေ၊ဆေးလုံးတွေ၊ပါဝင်ပစ္စည်းတွေ၊ဝိဉာဏ်ပင်တွေနဲ့လျို့ဝှက်နည်းပညာတွေ.......အားလုံးပိုက်ဆံနဲ့ဝယ်လို့မရတာဘာများရှိလို့လဲ?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now