အခန်း ၂၁၀

306 33 0
                                        

'တခြားသူတွေကိုတော့ မသိပေမဲ့ သူမကိုတော့ ငါယုံကြည်သင့်တယ်'

Lucius ကိုယ်တိုင်တောင်မှပဲ Lady Tory က သာမာန်အမျိုးသမီးတွေနဲ့မတူပဲ ထက်မြက်တဲ့အမျိုးသမီး ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားသည်. တကယ်လို့ Lady Tory က Poliana ကိုသာ အရူးလုပ်ပြီး သူမဆီက အရေးကြီးသတင်းတွေကို ရဖို့ ကြိုးစားနေတာဆိုရင်တော့ သူမက ဒီလောက်ပွင့်ပွင့်လင်းလင်း မေးနေမှာမဟုတ်ပေ. ပြီးတော့ Lady Tory အနေနဲ့ သတင်းတွေကို လိုချင်တာဆိုရင်တော့ သူမအနေနဲ့ Poliana ဖြေလို့ရလောက်တဲ့ မေးခွန်းတွေကိုသာ မေးလာမှာဖြစ်သည်. Lady Tory ကို သံသယဝင်မိတဲ့ အတွက်ကြောင့် Poliana က သူမရူးနေပြီလို့ ခံစားမိသွားသည်.

အမေးအဖြေတွေပြီးသွားချိန်မှာတော့ Tory က ရှက်ရွံ့စွာနဲ့ ပြုံးကာ သူမကို ပြောလိုက်သည်.

"အခုလို သေချာရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Marquess Winter. ဒီလိုမေးခွန်းတွေကို တခြားဘယ်သူ့ကိုမှ မေးလို့မရလေ ကျွန်မ သေလောက်အောင် သိချင်လေဖြစ်နေလို့ပါ"

"ငါမင်းကို ရှင်းပြတာထက် စာအုပ်နည်းနည်းလောက်ဖတ်လိုက်တာက ပိုကောင်းမယ်ထင်တယ်. မင်းဖတ်ဖို့အတွက် စာအုပ်နည်းနည်းညွှန်းပေးရမလား?"

"မဟုတ်. အဲ့တာမလိုပါဘူးရှင်. ကျွန်မ အဲ့လိုစာအုပ်တွေဖတ်မယ်ဆိုရင် ကျွန်မအကူတွေက သိသွားလိမ့်မယ်. ပြီးတော့ ကျွန်မ စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ဆူပူနေလိမ့်မယ်"

အမျိုးသမီးတစ်ယောက်ရဲ့အခန်းထဲက စာအုပ်စင်မှာ အချစ်ဝတ္ထုတွေ, အလှအပရေးရာစာအုပ်တွေနဲ့သာ ပြည့်နေဖို့ လိုတာဖြစ်သည်. တကယ်လို့ စာအုပ်စင်မှာ တစ်ခုခုအရေးကြီးတာတွေ့ခဲ့ရင် လူတွေက ခွင့်ပြုပေးမှာမဟုတ်ပေ. Lady Tory က ဒီလိုပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာလို့ မမေးတာလဲဆိုတာကို Poliana နားလည်သည်.

သူမလိုပဲ Lady Tory ဘေးနားမှာ အထက်တန်းလွှာတွေက ဝန်းရံထားကြသည်. တကယ်လို့ သူမက သူမဆွေမျိုးတွေထဲက အမျိုးသားတစ်ယောက်ယောက်ကို မေးလိုက်ရင် သူတို့တွေက ဆူပူကြလိမ့်မည်. တကယ်လို့ Poliana ညွှန်းလိုက်တဲ့စာအုပ်တွေကို သူမအကူတွေကို ရှာခိုင်းလိုက်ရင်လဲ သူမအနေနဲ့ ဒီလိုစာအုပ်တွေကို မဖတ်သင့်ဘူးလို့ ပြောကာ ဆန့်ကျင်လာကြလိမ့်မည်.

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora