အပိုင်း (၇၆)

820 104 4
                                    




သူမ ထပ်မေးချင်သော်လည်း အိမ်တော်ထိန်းပိုင်က လူအချို့ကို ဧည့်ခန်းထဲလာရန် ခေါ်လိုက်သည်မို့ ဆက်မမေးဖြစ်တော့။ အမျိုးသမီးကြီးတစ်ဦး ဦးဆောင်သော မိန်းကလေးငါးဦးအဖွဲ့က အခန်းထဲရောက်လာသည်။ အမျိုးသမီးကြီးနှင့် ကလေးမလေးများက သူမကို ဦးညွတ်နှုတ်ဆက်သည်။ သူမလည်း ပြန်နှုတ်ဆက်ပြီး အိမ်တော်ထိန်းပိုင်ဆီ အကြည့်တစ်ချက်ပို့လိုက်သည်။ အိမ်တော်ထိန်းပိုင်က

"ယဲ့သခင်မလေး... ဒါက မြို့တော်မှာ အကျော်ကြားဆုံး အပ်ချုပ်သမကြီး ချန် ပါ.... ဒီနေ့သူလာရတာက သခင်မလေးရဲ့ ဝတ်စုံကို အစမ်းဝတ်ဖို့အတွက် လာကြတာပါ..."

"ဝတ်စုံ... ဘာဝတ်စုံလဲ..."

"သခင်မလေး... မင်္ဂလာဝတ်စုံပါ..."

"ဘာ..... ဘာပြောတယ်...."

"အိုက်ယိုး.... သခင်မလေး... မင်္ဂလာပွဲက နှစ်ရက်ပဲ လိုတော့တာလေ... အရှင်က သခင်မလေးကို ဘာမှ မပြောပြဘူးလား... အာ.... ကျနော်မျိုးမေ့တော့မလို့... သခင်မလေး ပြန်ရောက်လာတာ မကြာသေးဘူးပဲ... ခွင့်လွှတ်ပါသခင်မလေး..."

အိမ်တော်ထိန်းပိုင်က သူ့ပါးကို တဖတ်ဖတ်မြည်အောင်ရိုက်ပြီး တောင်းပန်နေသည်။ အိမ်တော်တစ်ခုလုံး အလုပ်ရှုပ်နေကြသည်ကို သူမလည်း သတိထားမိသည်။ ပြန်ရောက်ပြီးကတည်းက ဘယ်သူနဲ့မှလည်း စကားဟဟမပြောဖြစ်။ စကားနည်းလေ အမှားနည်းလေ သဘောပိုက်ပြီး အခန်းထဲကနေတောင် သိပ်မထွက်။ ဟွာရှန့်လည်း သူမကို ဘာမှမပြောထား။ မင်္ဂလာပွဲက နောက်လမှ မဟုတ်လား။ မည်သည့်အတွက် ရက်က အလွန်နီးကပ်အောင် ရွှေ့သွားရသလဲ။

"ဘယ်လိုဖြစ်လို့... ဒီလောက်ကြီး... ထားပါတော့... ဝတ်စုံကိုပဲ စမ်းဝတ်ကြည့်ရအောင်..."

နောက်မှသူမသိရသည်က မင်းကြီးဖူရဲ့ကောင်းမှုကြောင့် မင်္ဂလာပွဲရက်ရွှေ့သွားသည်ပင်။ စစ်သူကြီးက ငြင်းသော်လည်း တစ်ချက်လွတ်အမိန့်ကြောင့် မည်သူမှ အာမခံရဲတော့။ ဟွာရှန့်၏ စိတ်တိုဒေါသထွက်နေသည့်ပုံကို မျက်လုံးထဲ မြင်ယောင်မိသည်။ ဝတ်စုံအစမ်းဝတ်ပြီးနောက် သူမ အခန်းထဲကနေ အခန်းပြင်ကိုခြေတစ်လှမ်းမှ မလှမ်းတော့။ ထိတ်လန့်သည်လား၊ ကြောက်ရွံ့သည်လား မသဲကွဲသော ခံစားချက်ကြောင့် လူလည်း ဂနာမငြိမ်ဘဲ အခန်းထဲ အချိန်တိုင်းလိုလို ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ အစေခံမလေးက မင်္ဂလာခန်းဝင်ပစ္စည်းများ ရောက်နေသည့်အကြောင်း လာပြောသည့်တိုင် သူမထွက်ကြည့်ဖို့ စိတ်မကူး။ ထို့ကြောင့် အရေးပါသည့်ပစ္စည်းများကို အခန်းထဲသို့ သယ်လာကြလေတော့သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now