Chapter(2) - တောင်စွန်းပေါ်တွင်

12.1K 1.7K 18
                                    

Unicode

အခန်း(၂) - တောင်စွန်းပေါ်တွင်

ရန်ကျင်းမဟုတ်ဘူး...

ဒီအချိန်ရန်ကျင်းဘယ်လိုပုံစံဖြစ်နေမလဲသူမမှတ်မိပေမယ့်ရှန်ကျစ်ရှန်းသည်သူ့ရှေ့ကလူကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်ဒီလူကရန်ကျင်းမဟုတ်ဘူးဆိုတာသိနိုင်သည်။

ပြီးတော့လည်းဒီကောင်လေးကအရမ်းကိုသာမာန်ဆန်လွန်းတယ်

သူ့ပုံစံကရုပ်ဆိုးတာတော့မဟုတ်ပေမယ့်..ဘယ်လိုပြောရမလဲသာမာန်ဆန်လွန်းတော့တစ်ချက်ကြည့်ပြီးတာနဲ့တင်မျက်နှာကိုမေ့သွားနိုင်လောက်တဲ့ပုံစံမျိုး...ဒီလိုပုံစံမျိုးကဘယ်လိုမှကိုဇာတ်လိုက်မဖြစ်နိုင်ဘူးရယ်...

ပုန်းကွယ်ရတာကြိုက်တဲ့ဝါရင့်ကြီးရှန်ကျစ်ရှန်းမှာစိတ်သက်သာရာရစွာဖြင့်မတည်မငြိမ်သက်ပြင်းချမိသည်။အခုတော့ရန်ကျင်းဆိုတာကိုတွေးမိယုံနဲ့တင်သူသေရတဲ့အိမ်မက်ဆိုးကိုသတိရမိသည်။

သူ့ရဲ့လက်ရှိခံစားချက်ကိုဖော်ပြဖို့စကားတစ်ခွန်းသာရှိတယ်:ကြောက်တယ်

ဒါပေမဲ့,ဒီ'တပည့်လေး'ဆိုတဲ့တစ်ယောက်က....

ဒီလူဘယ်သူဖြစ်နိုင်မလဲဆိုတာကိုမှတ်မိနိုင်ရန်ကြိုးစားရင်းရှန်ကျစ်ရှန်းရဲ့မျက်လုံးများကစဉ်းစားတွေးတောနေပုံရသည်။

သူကတကယ့်ကိုမူလကိုယ်ရဲ့ပညာသင်တစ်ယောက်ဖြစ်သည်။

လွန်ခဲ့တဲ့တစ်နှစ်တုန်းကမူလကိုယ်သည်ရန်ကျင်းကိုတပည့်အဖြစ်လက်ခံပြီးသိပ်မကြာခင်မှာဂိုဏ်းရဲ့ဓားယှဉ်ပြိုင်ပွဲညီလာခံကနေရန့်ရှန်ဆိုတဲ့တပည့်နောက်တစ်ယောက်ကိုပါလက်ခံခဲ့သည်။

ဒီနှစ်မှာရန့်ရှန်က(၁၃)သို့မဟုတ်(၁၄)နှစ်လောက်သာရှိသေးတာဖြစ်ပြီးကလေးမျက်နှာလေးဖြစ်နေဆဲပင်။ဒါပေမဲ့လည်းသူ့ပုံစံကမမျှော်လင့်ပဲခွန်အားကြီးပုံရပြီးကောင်းမွန်သည့်ဝိဉာဏ်အုတ်မြစ်လည်းရှိသည်။

ရှန်ကျစ်ရှန်းကတွေးနေရင်းဖြင့်ဖြူဖွေးသောအသားအရည်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည့်သူ့ရဲ့နက်မှောင်နေသောမျက်တောင်ကော့ကြီးများကအနည်းငယ်အောက်စိုက်သွားသည်။သူကအိပ်ယာဘေးမှာခပ်ဖျော့ဖျော့မှီချလိုက်ကာသူ့ရဲ့ရှည်လျားသောဆံနွယ်များကအနက်ရောင်ပိုးချည်မျှင်များလိုဖြာကျနေ၏။လူတစ်ကိုယ်လုံးကကြည့်ရတာကြော့ရှင်းလှပြီးပျင်းရိငြီးငွေ့၍အိပ်ငိုက်နေသလိုပင်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now