Chapter _ 41

20.4K 1.4K 69
                                    

Unicode
********

" ကိုယ့်ကိုမလွမ်းဘူးလား...အချစ်ကလေး "

အိပ်မောကျနေခဲ့တာဖြစ်ပေမယ့် သူ့ဘဝမှာ
နောက်ထပ်ဘယ်တော့မှမကြားချင်လောက်
အောင်ကြောက်ရွံ့ရတဲ့အသံက နားစည်အ
တွင်းပြင်းထန်စွာရိုက်ခတ်လာတဲ့အခါ ပိုးလေး
အလန့်တကြားထ,ထိုင်လိုက်မိသည် ။

" ဦး....ဦး...ဦးရဲထက်ဟိန်း...."

သူနောက်ထပ်မဆုံချင်တော့တဲ့လူ ။ သူဘဝ
ကိုငရဲခန်းထဲမှာအကျဥ်းချပြီး စိတ်ကြိုက်
ဆော့ကစားခဲ့တဲ့လူ ။ ဒီလူကသူအသည်း
ထဲထိကြောက်ရွံ့, ရွံရှာရတဲ့လူ ။ ဒီလူက
ဘာလို့သူ့အခန်းထဲရောက်လာရတာလဲ ။

" ခင်ဗျား...ဘယ်လိုလုပ်.... "

" ကျစ်....ကျစ်....ကျစ်....အချစ်လေး, ကိုယ့်
ကိုဘယ်လိုခေါ်ရမယ်လို့သင်ပေးထားလဲ ,
ဟမ်.....မမှတ်မိတော့ဘူးလား...."

အသံကအစကြောက်ရွံ့ရတဲ့သူမို့ ထိုလူရဲ့
စကားထဲမှာဒေါသသံပါလာတဲ့အခါ ပိုးလေး
လက်ထဲကအမွှေးပွစောင်ကြီးကိုအသက်
ကယ်လက်မှတ်တစ်စောင်အလား ဆုပ်ကိုင်
ထားလိုက်မိသည် ။

" လွန်ခဲ့တဲ့ ၂ နှစ်, မင်း ကိုယ့် ဆေးရုံကိုစ
ရောက်လာတဲ့အချိန်တုန်းကဘယ်လောက်
ပျော်စရာကောင်းလိုက်သလဲ, သိပ်တော်တဲ့
မင်းက ခပ်ညံ့ညံ့ဆေးတွေတိုက်ထားပါရက်
နဲ့အခြေနေကတိုးတက်လာတယ်တဲ့, ငါက
အဲ့လိုရလဒ်ကိုလိုချင်ခဲ့တာမဟုတ်ဘူး!! "

ဒေါသတကြီးရှေ့တိုးလာတဲ့လူကြောင့်
ပိုးလေး ကုတင်ဒေါင့်လေးနားအမြန်ဆုတ်
လိုက်မိသည် ။

" ဖြူဖွေးနေတဲ့မင်းရဲ့ကျောပေါ်ဆေးရောင်
လှလှခြယ်ရတာကိုငါကသိပ်ကြိုက်တာ,
မင်းလည်တိုင်လှလှလေးမှာ ငါ့ကြောင်ဒဏ်
ရာတွေဖြစ်လာရင်သိပ်ကျေနပ်တာ, ဒါပေ
မယ့်မင်းကတော့ပုံမှန်အခြေအနေကိုရောက်
တာနဲ့နည်းလမ်းရှာပြီး ငါ့အဖိုးကြီးကို ငါတို့
နှစ်ယောက်ကြားကကိစ္စတွေသိသွားအောင်
လုပ်ပစ်လိုက်တယ်

ဟား...ဟား ခက်တာကငါ့အဖိုးကြီးကလဲအဲ့
ဒီကိစ္စတွေလူသိမှာစိုးလို့ ငါ့ကိုနိုင်ငံခြားကန်
ထုတ်ပစ်လိုက်တယ်လေ, ငါ့ဆီကနေထွက်
ပြေးဖို့အများကြီးကြိုးစားခဲ့ပေမယ့် ကံဆိုး
တာဘဲ...ငါ့အဖိုးကြီးက မင်းအဖေကိုအဲ့ဒီကိ
စ္စတွေမပြောခဲ့ဘူးထင်တယ်, မင်းအဖေငါ့ကို
ဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ကြားကြား
ချင်း ငါတကူးတကနိုင်ငံခြားကနေခိုးပြန်လာ
ခဲ့တာ, မင်းကိုတွေ့ချင်လွန်းလို့ "

💞 Eternal Love 💞 { Completed }Where stories live. Discover now