ကလေးရဲ့လူကြီး(Part-6)

575 52 0
                                    

Unicode
_________

ဒေါက်..ဒေါက်..ဒေါက်

"လုဟန်ရေ...ငါချန်းညောလ်ပါ"

"အေး.ဝင်လာခဲ့လေ.."

ချန်းညောလ်လုဟန်ဆီကို.မလာစဖူးလာလို့အံသြနေသည်။

"ချန်းညော..အစောကြီး.ငါဆီကိုဘာလာလုပ်တာလဲ"

"ငါမင်းကိုပြောစရာရှိလို့လာတာ"

"​အေး...ဘာပြောမလို့လဲ"

"ငါ..ဘတ်ဟျွန်းအကြောင်းပြောချင်လို့"

"ဘတ်ဟျွန်.အကြောင်း??"

"ဟုတ်တယ်..မင်းမနေ့ကပြောတယ်လေ..
ဘတ်ဟျွန်းတစ်ခုခုဖြစ်နေတယ်ဆိုတာလေ...အဲ့တာငါလည်းသတိထားမိတယ်..မင်းကိုအိမ်လိုက်ပို့ပြီး..ငါလည်း..သူ့ကိုစိတ်ပူတာနဲ့သူ့နောက်ကိုလိုက်သွားတာ"

"မင်းက..ဘတ်ဟျွန်းနောက်ကို..လိုက်သွားတယ်..ဟုတ်လား"

"ဟုတ်တယ်..အဲ့တာ..သူအိမ်ကအဆင်မပြေဘူးနဲ့တူတယ်"

"ဟာ..မဖြစ်နိုင်တာ..ဘတ်ဟျွန်းappa​က..ဒီလောက်ချမ်းသာတာကို.."

"အဲ့ဒါ..ငါလည်းသိတယ်လေ..ဒါပေမဲ့အခုက.အိမ်ကိစ္စတစ်ခုခုကို..သူစိတ်ညစ်နေတယ်ဆိုတာ..သေချာတယ်..သူ့အိမ်ကို.လမ်းလျှောက်ပြီးပြန်တယ်..ပြီးတော့လည်း..အိမ်ထဲကိုဝင်ဖို့.သူတွန့်ဆုတ်နေသလိုပဲ"

"ငါ့ကိုလည်း.မပြောပြတော့ခက်သား"

"မင်းမေးကြည့်ပါလား.."

"ငါ့ကိုပြောပြဖို့ခက်ခဲ့တဲ့အကြောင်းအရာဖြစ်လို့..မပြောတာနေမှာပေါ့..ဘတ်ဟျွန်းနဲ့ငါက အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမဲ့..သူ့မှာလည်းသူ့လျှို့ဝှက်ချက်ဆိုတာရှိအုံးမှာပဲလေ"

"ဟုတ်ပါတယ်.."

"ဒါနဲ့နေပါအုံး..ငါပြောတုန်းကဘယ်မှမဖြစ်သလိုနဲ့..ပြီးမှ နောက်ကလိုက်သွားရတာတုန်း..မဟုတ်မှလွဲရော..မင်းဘတ်ဟျွန်းကိုစိတ်ဝင်စားနေတာလား"

"ဟာ..မင်းကလည်း.."

"ဘာလဲမဟုတ်ဘူးလား"

"ဟုတ်တယ်..ငါသူ့ကိုမြင်မြင်ချင်းချစ်မိသွားတာ"

"ဒါနဲ့များ မင်းကဘာလို့..သူစိတ်တိုအောင်သွားသွားစလဲ"

"သူစိတ်တိုနေတဲ့ပုံလေးကချစ်ဖို့ကောင်းတာကိုကွ.."

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now