❤My little ko ko ❤ Part 14

3K 136 0
                                    

💫 Unicode version 💫

အလုပ်​ပေးမလုပ်တော့ အိမ်မှာပဲနေရတာ အရမ်းပျင်းဖို့ ကောင်းလိုက်တာ.. တခါတလေ ခွန်းမာန်လာလိုက် ဟန်ငြိမ်းအားရင် အပြင်သွားဖို့လာခေါ်တာနဲ့ ဒါနဲ့ပဲ တနေ့တနေ့ ကုန်ဆုံးနေရတယ်..

' ပျင်းတယ်နော်....ပျင်းတယ်.. ဘာမှလဲလုပ်စရာမရှိ'

တစ်ယောက်ထဲရေရွတ်ကာ အောက်ထပ် သို့ဆင်းလာခဲ့သည်။

ထမင်းစားခန်းဘက်ဝင်လိုက်တယ်ဆို အန်တီချိုမှ

" ဗိုက်ဆာလို့လား သား "

"ဗျာ.... မ..မဟုတ်ပါဘူး အန်တီချို ကျတော် ပျင်းလို့ ဘာများကူလုပ်ပေးစရာရှိလဲ လာကြည့်တာ "

မိမိပြောလိုက်တယ်ဆို အိမ်အကူကောင်မလေး သင်းသင်းမှ ပြာပြာသလဲ

" မ..မလုပ်ပါနဲ့ ကိုကိုကြီးရယ် အကိုလေးသိရင် သင်းသင်းတို့ ဆူခံနေရပါအုံးမယ် "

ပြောသဖြင့်...

" ဟင်...သူကအဲ့လိုပဲ အရင်ကရော ဆူငေါက်နေတာလား.. ပြီးတော့ ခုကသူဆူလို့မရပါဘူး အကိုကကိုယ့်ဖာသာ ဝင်လုပ်တာလေ "

" ဟို...မလုပ်ပါနဲ့ အကိုကြီးရယ်...ဘေးမှာအေးဆေးလေးပဲ ထိုင်နေပါ"

မိမိတို့ငြင်းနေတာနဲ့ အန်တီချိုမှ

" ဟုတ်ပါတယ် သားရယ်.. ရှင်းသန့်လေးကတောင် မခိုင်းရက်လို့ဘာမှမလုပ်ခိုင်းတာကို အန်တီတို့ကခိုင်းရင် ဘယ်ကောင်မလဲ တော်ကြာအပူတွေဘာတွေလောင်သွားအုံးမယ်"

" ဟွန့်...ကျတော် ချက်တတ်ပြုတ်တတ်ပါတယ်ဗျ.."

" ရပါတယ်...သားရယ် အန်တီနဲ့မိသင်းပဲလုပ်လိုက်မယ် သားစားချင်တဲ့ ဟင်းရှိရင်ပြောလေ ချက်ပေးမယ် "

" ရပါတယ်..ဒါနဲ့ အန်တီချိုက ဒီမှာနေတာကြာပြီလားဟင်..."

" Omm..... ရှင်းသန့်လေး 12နှစ်သားလောက်ကပေါ့ "

" aww..... ကျတော်တစ်ခုမေးလို့ရမလား အန်တီချို "

" မေးကြည့်လေ အန်တီသိတာရှိရင် ပြောပြမှာပေါ့ "

" သူ့အကြောင်း....သိသလောက်ပြောပြပါလားဟင်"

"......................??????????#########************&&&&&&%%%%%%%^^^^^^^^^^$$$$$$"
( သူ့ရဲ့နောက်ကြောင်းကိုမပြောတော့ဘူးနော် နောက်မှ 😁)

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now