အဲ့ဆရာ ထူးဆန်းတယ်🤔

2.6K 237 15
                                    

#Uni

"မင်းလာပြန်ပြီလား ''

ဟိုနေ့ကတည်းက မသင်နိုင်တော့ဘူးလို့အပြတ်ပြောပြီးထွက်လာခဲ့ပေမဲ့ ခုထိလာနေတုန်း

၅ရက်ရှိပြီ...သင်တန်းရှေ့လာစောင့်နေတတ်သလို တခါတလေကျ ကော်ဖီထိုင်သောက်နေရင် ကိုယ့်ဝိုင်းထဲဝင်ထိုင်ပြီး မသိသလိုအအေးသောက်​နေတတ်ပြန်ရော

"ခုရော... လက်ခံပြီလား ''

လို့...မေးတတ်ပြီး မသင်ဘူးပြောတာတောင်  ဘာမှဆက်မပြောဘဲ ​​ငြိမ်​​​နေ​ပြီး အအေးသာဆက်သောက်နေတတ်တယ်...တွေ့တိုင်းအဲ့မေးခွန်းပဲမရိုးနိုင်​အောင်မေးတတ်ပေမဲ့ ငြင်းလိုက်လဲ သူမကအေး​​ဆေး...

အရင်လူတွေဆို နောက်က​နေ တကောက်​ကောက်လိုက်ပြီး အကြောင်းပြချက်တွေ ပြောခိုင်းတာမျိုး

"ဆက်သင်​ပေးပါဆရာရယ် ''

ဆိုပြီးအသနားခံရင်ခံ မဟုတ်ရင် ငွေပိုပေးမဲ့အကြောင်းပြောတတ်​ကြပေမဲ့ ဒီကောင်မလေးကတော့ ငြိမ်ငြိမ်လေးပဲအနားမှာ စကားတစ်လုံးထဲသာကို မရိုးအောင်မေးတာမျိုး

"ဆရာ ချီ... ထိုင်မယ်နော် ''

ကော်ဖီသောက်မလို့ ထိုင်​စောင့်နေတုန်း အနားလာပြီး ဝင်ထိုင်လိုက်တဲ့ကောင်မလေး

"ဘယ်လိုလဲဆရာ... လက်ခံပြီလား စာဆက်သင်ဖို့ ''

"မင်းမမောသေးဘူးလား ''

".....''

"ဒီလောက်ငြင်းနေတာကို... ​​ မနက်ကနေ အိမ်ပြန်တဲ့အထိ လိုက်မေးနေရတာ မမောဘူးလား ''

"....''

"မင်းမမောဘူးလားလို အလုပ်ရောမရှိဘူးလား... မင်းသူဋ္ဌေးကရော မင်းအလုပ်မလာလို့မဆူဘူးလား ''

မနက်သင်တန်းသွားကတည်းက ညနေအိမ်ပြန်တဲ့အထိ အနားကို လာတတ်တဲ့ကောင်မလေးကို နားမလည်နိုင်တော့ဘူး...အဲ့လိုမေးတော့ ကောင်မလေးက ရယ်ပါလေရော... သဘောတကျကိုရယ်တာ

"ကိုယ်ပြောတာ ဟာသမဟုတ်ဘူး ''

"ပထမဆုံးပဲလေ... ၅ရက်အတွင်း ချီအကြောင်း ဒါပထမဆုံးမေးတာမလား ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now