Chapter(3) - Double Return

10K 1.7K 25
                                    

Unicode

အခန်း(၃) - Double Return

ရေခဲကျောက်တုန်းကသူ့လက်နောက်ဘက်ကိုထိုးခွဲသွားတာကြောင့်ရှန်ကျစ်ရှန်းသည်အသက်ကိုပြင်းပြင်းရှုမိပြီးညည်းညူမိသည်။

ဒါပေမဲ့လည်းဒီကံမကောင်းတဲ့လူငယ်လေးကဒီလောက်ဒဏ်ရာပြင်းပြင်းရနေတာကိုသေချာပေါက်နောက်ဒဏ်ရာတစ်ခုကိုခံစားနိုင်မှာမဟုတ်တာကြောင့်သူ့အတွက်ကကိစ္စတော့မရှိပါဘူး

သူကရန်ကျင်းကိုထထိုင်နိုင်စေရန်ကူညီလိုက်ပြီးနှုတ်ခမ်းကိုကိုက်၍သူ့လက်ပေါ်ကဒဏ်ရာမှသွေးများအားခါချလိုက်သည်။ရန်ကျင်းကိုမကူညီနိုင်ခင်မှာကိုယ့်လက်ကိုဒဏ်ရာရအောင်လုပ်မိတဲ့အပေါ်ကိုလည်းမနေနိုင်စွာသက်ပြင်းချမိသည်။

ဒါပေမဲ့သူ့ကိုယ်သူဂရုမစိုက်နိုင်သေးဘူး..လူငယ်လေးကလှုပ်ရှားတာအရမ်းများသွားပြီးသူ့ကျောကုန်းကအရိုးပေါ်သည်အထိနက်တဲ့ဒဏ်ရာကိုပြန်ခွဲလိုက်သလိုဖြစ်သွားတာကြောင့်ရလဒ်အရတော့နီရဲတဲ့သွေးတွေစိမ့်ထွက်လာရခြင်းပဲ

"မလှုပ်နဲ့...ဟေး,မင်းဒဏ်ရာပြန်ပွင့်လာပြန်ပြီ!"

ရန်ကျင်းရဲ့စိတ်အခြေအနေကမတည်မငြိမ်ဖြစ်နေသည်။သူကရှန်ကျစ်ရှန်းအားသတိထားစောင့်ကြည့်နေမိပြီးသူ့မျက်လုံးများကတော့အေးစက်သည့်မုန်းတီးမှုများနဲ့ပြင်းထန်ရက်စက်နေသည်။

ဒါကထူးဆန်းတယ်

ရန်ကျင်းဒေါသထွက်သွားမှာကိုစိုးရိမ်တာကြောင့်သူအလောတကြီးနဲ့ရန်ကျင်းအားတွေ့ရန်အပြေးရောက်လာခြင်းသာဖြစ်သည်။

ဇာတ်ကြောင်းထဲကအခုချိန်အကြောင်းအရာအရဆိုရင်ရန်ကျင်းကပုံမှန်သာမာန်လူတစ်ယောက်ပဲဖြစ်နေရမှာ။ဘယ်လိုဖြစ်လို့ဒီလောက်ထိနက်နက်ရှိုင်းရှိုင်းအမုန်းတရားတွေရှိနေရတာလဲ?

ထိုစိတ်မကောင်းစရာအတွေးတွေစိတ်ထဲဝင်လာသည့်အခါရှန်ကျစ်ရှန်းကသူ့ကိုတွန်းဖို့ရုန်းကန်နေသည့်လူငယ်လေးကိုလက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး,နောက်လက်တစ်ဖက်ဖြင့်ကျောက်စိမ်းပုလင်းကိုဖွင့်လိုက်သည်။ထို့နောက်ဆေးများအားလူငယ်လေးပါးစပ်ထဲလောင်းထည့်ပေးလိုက်၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now