အခန်း (၁၃)

1.7K 199 55
                                    

Unicode

ညနေ (၃)နာရီ ရှိပြီဖြစ်သော်လည်း ဒေါ်ရူပါမျိုး ပြန်ရောက်မလာသေးပေ။ သွေးသစ်စောင့်နေသည်မှာ တစ်နာရီကျော်ကျော်ပင် ကြာနေပေပြီ။

အချိန် (၁၅)မိနစ်ခန့် ထပ်စောင့်ပြီးချိန်မှာတော့ ဒေါ်ရူပါမျိုး၏ကားသံက်ိုကြားလိုက်ရသည်။ ကားကိုဆင်ဝင်ရှေ့တွင်မရပ်ပါဘဲ ခြံထောင့်တွင်ရှ်ိသော ကားဂိုဒေါင်ထဲသို့ တန်းမောင်းသွားလေ၏။

ဒီနေ့အဖို့တော့ သူမရဲ့ခရီးစဥ်တွေ ပြီးပြတ်သွားပြီဖြစ်သောကြောင့်ပင်။

ဒေါ်ရူပါမျိုးသည် ကားကို သိမ်းပြီးသွားတော့ ဂုဏ်ရှိန်ဝါကြီးသူတို့၏ ပုံစံအတိုင်း မာန်ပါပါ ဟန်ပါပါနှင့် အိမ်ထဲဝင်လာခဲ့သည်။

အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင်ထိုင်နေသော သွေးသစ်ကိုတွေ့လိုက်ရသည်။

ဘေးက ဆိုဖာတစ်ခုံတွင်လည်း ကြီးမြကနေရာယူထားသည်။

ကြီးမြသည် အိမ်အကူဟုဆိုသော်ငြားလည်း သွေးသစ်ငယ်စဥ်ကတည်းက ထိန်းကြောင်းလာသူဖြစ်၍ ဘယ်သောအခါမှ မခန့်လေးစားမပြုမူခဲ့။

အမေတစ်ယောက်၊ အဒေါ်တစ်ယောက်ကဲ့သို့ အားကိုးယုံကြည်ထားလေသည်။

ဒေါ်ရူပါမျိုးသည် လွတ်နေသော ဆိုဖာများအနက်မှ သွေးသစ်နဲ့အနီးကပ်ဆုံးဖြစ်မည့် ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။

"ပြောစရာရှိနေလို့လား....''

သွေးသစ်ရဲ့အပြုအမူတွေကို ဒေါ်ရူပါမျိုးအလွတ်မှတ်မိနေပါပြီ။ သူပြောချင်တာ တစ်ခုခုရှိလျှင် အခုလိုပဲ လူစုံတက်စုံနှင့် ဧည့်ခန်းအတွင်းမှာပဲ ပြောနေကျဖြစ်သည်။

"ကျွန်တော် မေးတာကို အမှန်အတိုင်းဖြေပါ....ဘာမှပြန်မမေးပါနဲ့. ..''

ဟု သွေးသစ်ကအစချီလိုက်ပြီး

"လှေကားရဲ့တစ်ဖက်ကနံရံမှာ ချိတ်ထားတဲ့ ခင်ဗျားရဲ့ပုံမှာ ပါတဲ့ဆွဲကြိုးကို သိတယ်မလား....အင်း အဲ့ဆွဲကြိုးက ခင်ဗျားနဲ့ဘယ်လိုပတ်သတ်နေလဲဆိုတာ ကျွန်တော်သိချင်တယ်.....ကြီးမြကိုမေးကြည့်တော့ ကြီးမြလည်းမသိဘူးလို့​ပြောတယ်...အဲ့ဒီတော့ ခင်ဗျားကိုယ်တိုင်ပဲဖြေပါ....''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now