Chapter(12) - ကြွက်သားနာကျင်ခြင်း

8K 1.4K 18
                                    

Unicode

အခန်း(၁၂) - ကြွက်သားနာကျင်ခြင်း

သိုဝှက်ဓားစံအိမ်မှဖြစ်ရပ်အမှန်တရားကခဏတာမျှမဆုပ်ကိုင်နိုင်သေးပဲနေ့ရက်များကဖြေးညှင်းစွာဖြင့်ငြိမ်းချမ်းလာသည်။

အပေါ်ယံမှာတော့ဆရာနဲ့တပည့်ကကြည့်ရတာပြီးပြည့်စုံအောင်သဟဇာတဖြစ်နေပုံပေါ်သော်လည်းတကယ်တမ်းထိုဖြူကောင်လေးကလက်ရှိမှာသူ့အဆူးများအားခဏတာဖွက်ထားခြင်းသာဖြစ်ပြီးပြည့်စုံတဲ့အခွင့်အရေးတစ်ခုရတာနဲ့သူ့ကိုထိုအဆူးနဲ့ထိုးလာလိမ့်မယ်ဆိုတာကိုရှန်ကျစ်ရှန်းသိနေသည်။

ရန်ကျင်းကသူ့ရဲ့မနက်ခင်းလေ့ကျင့်ခန်းကနေပြန်လာတာကိုစောင့်ရင်းနဲ့ရှန်ကျစ်ရှန်းနဲ့ရှောင်းချောင်ယတို့နှစ်ယောက်သားအိပ်ယာပေါ်မှာအတူတူလှဲနေကြသည်။သက်ပြင်းတစ်ခုနဲ့အတူရှန်ကျစ်ရှန်းကပျင်းရိစွာလှိမ့်နေ၏။

ရန်ကျင်းကဘာလို့အတန်းသွားတက်ရတာလဲဆိုတာကိုနားမလည်နိုင်သည့်ရှောင်းချောင်ယသည်လည်းရှန်ကျစ်ရှန်းကိုသံယောင်လိုက်ပြီးသက်ပြင်းလိုက်ချသည်။

ရှန်ကျစ်ရှန်းကသူ့ရဲ့သေးငယ်တဲ့သစ်ရွက်လေးများနဲ့ဆော့ကစားနေရင်းတီးတိုးရေရွတ်နေ၏။

"အားကျင်းကချော့ရတာအရမ်းခက်တာပဲ...."

ရှောင်းချောင်ယကသူ့ရဲ့ခံစားချက်ကိုနားလည်တာကြောင့်သဘောတူဟန်ဖြင့်သူ့အရွက်လေးများအားချက်ချင်းလှုပ်ခါပြသည်။

ချော့ရတာသေလောက်အောင်ကိုခက်တာ...သူဒီလောက်ချွဲ့နွဲ့နေခဲ့တာတောင်ရှားရှားပါးပါးပြန်ရလိုက်တဲ့အခွင့်အရေးကရန်ကျင်းရဲ့အင်္ကျီလက်ကိုခိုတက်နိုင်တာတစ်ခုတည်းပဲ...

လူတစ်ယောက်နဲ့မြက်ညွှန့်ပေါက်စတစ်ခုတို့အချိန်အတော်ကြာသည်အထိတစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိကြပြီးပြိုင်တူသက်ပြင်းချမိကြသည်။

ရှောင်းချောင်ယကအိပ်ယာပေါ်မှာခဏလောက်ဆက်နေပြီးမှနေရောင်ခြည်ခံရန်အပြင်ထွက်သွားသည်။ရှန်ကျစ်ရှန်းကတော့ထထိုင်လိုက်ရင်းဖြင့်သူ့ရင်ဘက်ထဲမှာစောင်ကိုဖက်ထားရင်းဒီရက်တွေအတွင်းကအခြေအနေကိုမနေနိုင်စွာဖြင့်ပြန်စဉ်းစားမိ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now