Chapter _ 42

20.6K 1.4K 37
                                    

Unicode
********

မနက်ခင်းနေရောင်ခြည်နဲ့လိုက်ဖက်စွာ ခမ်း
နားလှပလွန်းတဲ့စံအိမ်ကြီးက သက်ရှိအရုပ်
လေးတစ်ရုပ်ကြောင့်ဆူညံနေ၏ ။

" ငယ်လေးရေ...အဲ့နားမသွားနဲ့...သားမာန်
ဆင်းလာရင်...မေမေ့ကိုပြောနေမယ်.."

" အာ...မေမေကလဲ...သားက အမေနှင်းကို
ကူညီနေတာပါဆို..."

သားမာန် နဲ့အတူခရီးသွားရမယ့်ရက်ဖြစ်၍
ပျော်ရွှင်နေသည့် သားငယ်က လမ်းခရီးမှာ
သူလေးဗိုက်ဆာနေမှာစိုးလို့ မုန့်လေးတွေလုပ်
ပေးနေတဲ့ ဒေါ်လေးမေ နားကပ်ကာလိုက်
ရှုပ်နေခြင်းပင် ။

ဒေါ်လေးမေ လိုမယ်ထင်တဲ့ဟာလေးတွေကို
တောင် နဲ့ မြောက် ပြေးယူပေးနေတဲ့ သားငယ်
ကကူညီနေတာနဲ့မတူ...အိမ်မှာရှိသမျှလူတွေ
ကိုနှလုံးရောဂါပေးနေတာနဲ့ပင်ပိုတူနေ၏ ။

" ငယ်လေးရေ....မေမေ့ ဆီလာနော်...ဧည့်
ခန်းမှာသစ်သီးစားရင်းနဲ့ သားမာန် ကိုစောင့်
ရအောင်လေ..."

" ဟင့်အင်း....သားက အမေနှင်း ပူတင်းလုပ်
တာကို ငြိမ်ငြိမ်လေးကြည့်နေတာလေ..."

တကယ်တော့ တစ်စက်လေးမှမငြိမ်သေးတဲ့
ယုန်ပေါက်ရယ်ပါ ။ ဒေါ်လေးမေ နားမှာခုန်
ပေါက် ခုန်ပေါက်လုပ်နေပြီး သူကြိုက်တာ
လေးကို ပိုထည့်ခိုင်းနေသည်လေ။ ဒေါ်စော
သင်ဇာ ကတော့ဒီယုန်ပေါက်ကလေးကိုဂုတ်
ကသာဆွဲပြီးခေါ်ခဲ့ချင်တော့တာဘဲ... သူလေး
တစ်ခုခုဖြစ်ရင်အိမ်မှာရှိနေတဲ့ မီးငြိမ်းတောင်
ကအချိန်မရွေးပေါက်ကွဲလာဦးမယ်...။

" အမေနှင်း...နို့လေ...နို့အများကြီးထည့်.."

" ထည့်ထားပါတယ် သားလေးရယ်.."

" မရသေးဘူး....ထည့်.....ထည့်....."

" Daddy!!! "

မီးဖိုနားကပ်ပြီး ခုန်စွခုန်စွလုပ်နေတဲ့ Baby
ကိုယ်လုံးလေးကိုလက်တစ်ဖက်တည်းဖြင့်
ဆွဲပွေ့ပစ်လိုက်တော့ ယောင်ပြီးလန့်အော်
လိုက်သေးသည် ။ ပြီးမှခေါင်းလေးမော့
ကြည့်ပြီးပွေ့လိုက်တဲ့လူက မာန် ဖြစ်နေတာ
မြင်တော့ ပွေ့ထားတဲ့အတိုင်းလေးငြိမ်နေ
ပေးသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now