Kaung Htet Naing

11.3K 495 200
                                    

(Unicode)

ကျွန်တော့်နာမည် ကောင်းထက်နိုင်လို့ခေါ်ပါတယ်။ ကျွန်တော် ရန်ကုန်ဇာတိပါ။ အခုလောလောဆယ် International Trading Companyတစ်ခုမှာ Marketing Team Leaderတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ကျွန်တော့်အကိုနဲ့ညီက အိမ်ထောင်ရက်သား ကိုယ်စီကျသွားကြပြီဖြစ်လို့ လက်ရှိမှာ ကျွန်တော်တစ်ယောက်ပဲ မိဘတွေနဲ့အတူနေထိုင်နေတယ်။ အလုပ်လုပ်ရင်း မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံရတာမျိုးရှိပေမယ့် ကျောင်းတုန်းက သူငယ်ချင်းတွေလိုတော့ တရင်းတနှီးသိပ်မရှိပါဘူး။ သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်နေရာစီ အခြေကျနေပြီမို့ တစ်ခါတစ်လေလောက်သာ တွေ့ဖြစ်ကြပေမဲ့ Onlineပေါ်ကနေတော့ အဆက်အသွယ်ရှိပါတယ်။

အလုပ်တွေဆက်တိုက်ရှုပ်နေတာတောင် နောက်၃လလောက်နေရင် လက်ထက်ဖို့ ကျွန်တော် ပြင်ဆင်နေရတယ်။ ဟုတ်တယ်..ကျွန်တော့်မှာ သက်မှုးသွယ်လို့ခေါ်တဲ့ စေ့စပ်ထားတဲ့ကောင်မလေးရှိတယ်။ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က မန်းလေးဆေးရုံတစ်ခုမှာ စတွေ့ခဲ့ကြပြီး ရန်ကုန်မှာပြန်ဆုံရင်းနဲ့မှ ရည်းစားဖြစ်တာ သုံးနှစ်လောက်ပဲရှိသေးတယ်။ 

သက်မှုးက ကျွန်တော့်ကို အရမ်းနားလည်ပေးတယ်။ ကျွန်တော့်ကို စိတ်ညစ်အောင်လုပ်တယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကျွန်တော် ဒီလိုပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ကို လက်တွဲသင့်တယ်မလား။ 

ဘယ်လို...သက်မှုးက ကျွန်တော့်ရဲ့အချစ်ဦးလားလို့ မေးလိုက်တာလား..။ ဟက် သက်မှုးက အချစ်ဦးမဟုတ်ပါဘူး။ ကျွန်တော့်အချစ်ဦးက ကောင်လေးတစ်ယောက်ပါ၊ သူက ကျွန်တော့်ရဲ့ ရည်းစားဦးဆိုလည်း ဟုတ်တယ်။

တချို့သူတွေက အချစ်ဦး၊ရည်းစားဦးနဲ့ ပတ်သတ်တဲ့ Memory တွေက အမှတ်ရဖို့ အရမ်းလှပတယ်လို့ဆိုကြပေမဲ့ ကျွန်တော်ကတော့ အချစ်ဦးကြောင့် နာကျင်ခဲ့ရဖူးသူတွေထဲက တစ်ယောက်ပေါ့လေ။ သူ့အပြစ်လို့တော့ မဆိုသာပါဘူး...၊ ကျွန်တော်လည်း ကောင်းခဲ့တာမှမဟုတ်တာ...။

သူ့ကို သတိရသေးလားဆိုတော့...တိုက်ဆိုင်မှုရှိလာရင်တော့ တွေးမိတာပေါ့ဗျာ။  ကျွန်တော် သူ့ကို အရမ်းချစ်ခဲ့ဖူးတယ်၊ အရမ်းလွမ်းခဲ့ဖူးတယ်၊ သူ့ကြောင့် အရမ်းနာကျင်ခဲ့ဖူးတယ်။ ဒါပေမယ့် သူက ကျွန်တော့်အတွက် အတိတ်ကပုံရိပ်တစ်ခု ဖြစ်ခဲ့တာကြာပြီ...။ 

အခုအချိန်မှာ ကျွန်တော်... သူ့ကို..မလိုအပ်တော့ဘူး...။ 

(Zawgyi)

ကြၽန္ေတာ္႕နာမည္ ေကာင္းထက္ႏိုင္လို႔ေခၚပါတယ္။ ကြၽန္ေတာ္ ရန္ကုန္ဇာတိပါ။ အခုေလာေလာဆယ္ International Trading Companyတစ္ခုမွာ Marketing Team Leaderတစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။

ကြၽန္ေတာ့္အကိုနဲ႔ညီက အိမ္ေထာင္ရက္သား ကိုယ္စီက်သြားၾကၿပီျဖစ္လို႔ လက္႐ွိမွာ ကြၽန္ေတာ္တစ္ေယာက္ပဲ မိဘေတြနဲ႔အတူေနထိုင္ေနတယ္။ အလုပ္လုပ္ရင္း မိတ္ျဖစ္ေဆြျဖစ္ ေပါင္းသင္းဆက္ဆံရတာမ်ိဳး႐ွိေပမယ့္ ေက်ာင္းတုန္းက သူငယ္ခ်င္းေတြလိုေတာ့ တရင္းတႏွီးသိပ္မ႐ွိပါဘူး။ သူငယ္ခ်င္းေတြကလည္း တစ္ေယာက္တစ္ေနရာစီ အေျခက်ေနၿပီမို႔ တစ္ခါတစ္ေလေလာက္သာ ေတြ႕ျဖစ္ၾကေပမဲ့ Onlineေပၚကေနေတာ့ အဆက္အသြယ္႐ွိပါတယ္။

အလုပ္ေတြဆက္တိုက္႐ႈပ္ေနတာေတာင္ ေနာက္၃လေလာက္ေနရင္ လက္ထက္ဖို႔ ကြၽန္ေတာ္ ျပင္ဆင္ေနရတယ္။ ဟုတ္တယ္..ကြၽန္ေတာ့္မွာ သက္မႈးသြယ္လို႔ေခၚတဲ့ ေစ့စပ္ထားတဲ့ေကာင္မေလး႐ွိတယ္။ လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က မန္းေလးေဆး႐ုံတစ္ခုမွာ စေတြ႕ခဲ့ၾကၿပီး ရန္ကုန္မွာျပန္ဆုံရင္းနဲ႔မွ ရည္းစားျဖစ္တာ သုံးႏွစ္ေလာက္ပဲ႐ွိေသးတယ္။ 

သက္မႈးက ကြၽန္ေတာ့္ကို အရမ္းနားလည္ေပးတယ္။ ကြၽန္ေတာ့္ကို စိတ္ညစ္ေအာင္လုပ္တယ္ဆိုတာ တစ္ခါမွ မ႐ွိခဲ့ဖူးဘူး။ ကြၽန္ေတာ္ ဒီလိုပါရမီျဖည့္ဖက္ေကာင္းတစ္ေယာက္ကို လက္တြဲသင့္တယ္မလား။ 

ဘယ္လို...သက္မႈးက ကြၽန္ေတာ့္ရဲ႕အခ်စ္ဦးလားလို႔ ေမးလိုက္တာလား..။ ဟက္ သက္မႈးက အခ်စ္ဦးမဟုတ္ပါဘူး။ ကြၽန္ေတာ့္အခ်စ္ဦးက ေကာင္ေလးတစ္ေယာက္ပါ၊ သူက ကြၽန္ေတာ့္ရဲ႕ ရည္းစားဦးဆိုလည္း ဟုတ္တယ္။

တခ်ိဳ႕သူေတြက အခ်စ္ဦး၊ရည္းစားဦးနဲ႔ ပတ္သတ္တဲ့ Memory ေတြက အမွတ္ရဖို႔ အရမ္းလွပတယ္လို႔ဆိုၾကေပမဲ့ ကြၽန္ေတာ္ကေတာ့ အခ်စ္ဦးေၾကာင့္ နာက်င္ခဲ့ရဖူးသူေတြထဲက တစ္ေယာက္ေပါ့ေလ။ သူ႕အျပစ္လို႔ေတာ့ မဆိုသာပါဘူး...၊ ကြၽန္ေတာ္လည္း ေကာင္းခဲ့တာမွမဟုတ္တာ...။

သူ႕ကို သတိရေသးလားဆိုေတာ့...တိုက္ဆိုင္မႈ႐ွိလာရင္ေတာ့ ေတြးမိတာေပါ့ဗ်ာ။  ကြၽန္ေတာ္ သူ႕ကို အရမ္းခ်စ္ခဲ့ဖူးတယ္၊ အရမ္းလြမ္းခဲ့ဖူးတယ္၊ သူ႕ေၾကာင့္ အရမ္းနာက်ဥ္ခဲ့ဖူးတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ့္အတြက္ အတိတ္ကပုံရိပ္တစ္ခု ျဖစ္ခဲ့တာၾကာၿပီ...။ 

အခုအခ်ိန္မွာ ကြၽန္ေတာ္... သူ႕ကို..မလိုအပ္ေတာ့ဘူး...။ 

2.ရိုးမြေကျ / ႐ိုးေျမက် True Love S-2 (Completed)Where stories live. Discover now