အပိုင်း(၁၆) U/Z

6.6K 842 27
                                    

Unicode

ဆိုးဟီဂျူ အပြစ်မှ လွတ်မြောက်သွားခဲ့တယ်
သူမရဲ့ သနားစရာအမူအယာလေးတွေကြောင့်
ဆရာမအိုက သခင်မယန်ကို အပြစ်မပေးရန်
တားခဲ့တယ် ယွန်ဆောင်းနဲ့ သူမကိုချစ်တဲ့..
အစေခံများကလဲ သခင်မယန်ကို တားခဲ့တယ်
အဲ့တာကြောင့် သူမ အပြစ်ပေးမခံရတော့ပါဘူး

ပုံမှန်အတိုင်းပါပဲ သူမကတော့ ကျောက်ရုပ်ဆရာရဲ့
ဓားရေးသင်ချိန် နောက်ကျမြဲပါပဲ...ဒဏ်ပေးခံရလဲ
မမှုတော့ပါဘူး လေ့ကျင့်ကွင်းကို ရောက်တာနဲ့
စတင်က အခေါက်၃၀ ပတ်ပြေးပါတော့တယ်.....

သူမအတန်ကြာ ပတ်ပြေးပြီး...အခေါက်ရေ
ပြည့်သွားခဲ့ပြီ...သူမခနနားလိုက်တယ်....
"ဟီဂျူ...မင်းမနေ့က စောင်းဆရာမအို အချိန်
မသင်ချင်လို့ ထွက်ပြေးတယ်ဆို ပြီးတော့
အဆူခံရလို့ငိုတယ်ဆို....''ကျောက်ရုပ်ဆရာ
မေးလိုက်တယ်....
ကျောက်ရုပ်ဆရာ နဲ့သူမကတော့ ဆက်ဆံရေး
အတော်လေး ကောင်းမွန်နေပါပြီ ...
ကျောက်ရုပ်ဆရာ အရင်လို ရေငုံနှုတ်ပိတ်
သိပ်မနေတော့ပါဘူး....

"မဟုတ်ပါဘူး...အဆူခံရလို့ ငိုတာမဟုတ်ပါဘူး.
စောင်းဆရာမအိုက နည်းနည်း မှားတာနဲ့
သူမရဲ့ ကြောက်စရာမျက်လုံးတွေနဲ့ ကြည့်တတ်ပြီး
တစ်ခါတစ်ခါ လက်ကို ရိုက်တတ်တယ်
ထပ်ခါထပ်ခါ တီးခိုင်းတယ် ပြီးတော့ အမြဲတမ်း
ညည်းတွားနေတာ အဲ့တာကြောင့် တပည့်မခံနိုင်လို့
ထွက်ပြေးတာ'' သူမ နှုတ်ခမ်းထော်ထော်
ထော်ထော်နဲ့ ရှုံ့မဲ့ကာပြောလိုက်တယ်....

"ဒါဆို ဘာလို့ ငိုတာလဲ...''
ကျောက်ရုပ်ဆရာ သူမ ဘာလို့ငိုတာလဲ
သိချင်မိတယ်.....

"မဟုတ်သေးပါဘူး...ဆရာ့ကို ငိုတာကအစ
ပြောပြရမှာလား အဲ့တာ ကိုယ်ရေးကိုယ်တာလေ''
သူမ နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်တယ်...
'သူကတော့ တကယ်ပဲ... အချိန်ကြာတာနဲ့အမျှ
သူ့အကြောင်း သိလာတယ် တကယ်ပဲ
သူက EQနိမ့်ယုံတင်မဟုတ်ဘူး...အရမ်း
ပြောင်တင်းလွန်းတယ် ....'

"ဟုတ်ပါပြီ ဒါဆို သင်ခန်းစာ စတာပေါ့''
ကျောက်ရုပ်ဆရာ သင်ခန်းစာ စတော့တယ်....

ဆိုးဟီဂျူ ဓားရေးကို စိတ်ပါဝင်စားစွာဖြင့်
သင်ယူနေတယ်.....သူမတို့နှစ်ဉီး ကိုအဝေး
တစ်နေရာမှ ကြည့်နေသော သခင်မယန်
သူမရဲ့ သမီးကို တကယ် နားမလည်နိုင်စွာပါပဲ
သူမရဲ့သမီးက ရေနစ်တဲ့နေ့ကစလို့
ပြောင်းလဲသွားခဲ့တယ်....မိန်းကလေးတိုင်း
သင်ယူရတဲ့ ပညာရပ်ကို သူမအရင်ကလောက်
စိတ်မဝင်စားတော့ပါဘူး....

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now