Hold Me 🌻 15 (U)

2.2K 179 33
                                    

" Hyung နာမည် ဘယ်လိုခေါ်လဲ "

" အန်းဂျွန်ယောင်း"

" နာမည်အရင်းလား ?? "

" အင်း "

ကျောင်းနဲ့မလှမ်းမကမ်းရှိကစားကွင်းထဲက နှစ်ယောက်ထိုင်ခုံတန်းလေးပေါ်မှာခြေထောက်လွှဲထိုင်ရင်း နေဝင်ဆည်းဆာကို ငေးမိသည်။

ခပ်ပြေပြေတောင်ကုန်းလေးပေါ်ရှိ ပန်းပင်စိုက်ခင်းတို့ကိုအမိအရကုပ်တွယ်ရှူစားနေသော လိမ္မော်သွေးရောင်နေလုံးကြီးက အားမတန်လို့မာန်လျှော့လိုက်ဟန်ဖြင့် တောင်ကုန်းအနောက်သို့တဖြည်းဖြည်းငုပ်လျှိုး၍ သွားတော့သည်။

" မှောင်လာတော့မယ်...
အိမ်ပြန်သင့်ပြီမဟုတ်လား "

" ခနလောက်ထပ်ပြီး နေချင်သေးတယ် "

နေ့ခင်းကဒဏ်ရာရမှုကြောင့် ခေါင်းပေါက်သွားရလို့ ပတ်တီးဖြူဖြူလေးစည်းထားသည့် ဘတ်ဟျွန်းကိုကျောင်းဝတ်စုံအပြည့်ဖြည့်မြင်နိုင်သည်။ ဦးဦး ချန်းယောလ်နဲ့ဆင်တူသည်ဟုထင်ခဲ့သော ဂျွန်ယောင်းHyung က နေဝင်ချိန်ရောက်တဲ့အထိစကားတခွန်းမှမဆိုဘဲ သူ့အနားမှာငြိမ်သက်စွာထိုင်နေပေးခဲ့သည်။

ဘတ်ဟျွန်း ကျောင်းဝတ်စုံရဲ့နက်ကတိုင်စ.လေးက ဝေ့ဝဲတိုက်ခတ်လာတဲ့လေပြည်ရဲ့ကြားမှာ လွင့်မြောနေသလိုပဲ... Hyung ရဲ့ ဂုတ်ထောက်လုဆဲဆဲ နီညိုရောင်ဆံသားတွေက တလှပ်လှပ် လွင့်မြောလို့နေပြန်တယ်။

Hyung ဝယ်ကျွေးတဲ့ စတော်ဘယ်ရီရေခဲမုန့်ခွက်လေးကို ဘတ်ဟျွန်းလက်ထဲမှာကိုင်ထားတုန်းပဲ။ အပူရှိန်ကြောင့် တချို့တဝက်ကအရည်ပျော်ကုန်ပြီဆိုတာသိပေမယ့်... မျှော်လင့်ထားဖူးတဲ့အရာရာဟာ ပျက်စီးပျောက်ပျက်ကုန်ပြီဆိုတာ နားလည်ပေမယ့် ဒီရေခဲမုန့်ခွက်လေးကိုရော... ဘေးနားမှာထိုင်နေတဲ့သူကိုရော... လွှတ်ပေးလိုက်ချင်စိတ်လုံးဝရှိမနေခဲ့တာ ဘာကြောင့်များပါလဲ။

မျက်မှန်အထူကြီးအောက်က ဆွေးမြေ့မြေ့မျက်ဝန်းတစုံကို ငေးမောကြည့်လိုက်တိုင်းမှာ ရင်ဘတ်ထဲကခုန်လှုပ်လာတဲ့တစုံတရာကို အမည်မဖော်တတ်ခဲ့။ ဖုံးကွယ်ထားတဲ့မျက်နှာနောက်မှာ ဘယ်လိုဒဏ်ရာဒဏ်ချက်တွေများရှိနေလို့လဲဆိုသော သိချင်စိတ်တွေကြောင့် mask ကိုချွတ်ပေးဖို့ တောင်းဆိုချင်ပေမယ့် အခုမှသိခွင့်ရတဲ့ Hyung ကို အားနာလွန်းတာကြောင့် ရင်ထဲမှာမြိုသိပ်လိုက်ရတယ်

Hold Me (Z+U) 🌻 Where stories live. Discover now