အပိုင်း(၂၁) U/Z

6.3K 652 41
                                    

Unicode

ဂျီယွန်း ရဲ့နောက်သို့ လိုက်လာသော
အိမ်ရှေ့စံ။
ဂျီယွန်း ဆိုးဝမ်တို့ရှိရာနေရာသို့
လျှောက်လာ ခဲ့တယ်။

"ဆိုးဝမ် တောင်းပန်တယ် ငါနဲနဲ နောက်ကျသွားတယ်''
ဂျီယွန်း ဆိုးဝမ်ကို တောင်းပန် လိုက်တယ်။
"အဆင်ပြေပါတယ် ဘယ်လောက် မှ
မစောင့်လိုက်ရပါဘူး ''
ဆိုးဝမ် ပြောလိုက်တယ်။

"မင်္ဂလာပါ ဆိုးဝမ်ရဲ့ ညီမလေး ''
ဂျီယွန်း လက်ပြနှုတ်ဆက်ရင်း။
"ဟုတ်ကဲ့ မင်္ဂလာပါ '' သူမ ပြုံးရင်း ခေါင်းလေး
ငုံ့ကာပြန်လည်နှုတ်ဆက်လိုက်တယ်။
သူမရဲ့ အပြုံးကြောင့် ရုတ်ရုတ်သဲသဲ
ဖြစ်သွားသော ကျောင်းသားများ။

ထိုကျောင်းသားများကို ကြောက်စရာအကြည့်နဲ့
ကြည့်နေသော ယောကျာ်း(၃)ယောက်။
စစ်စလူးထဖို့ အစီအစဉ်ဆွဲနေသော
ဒယ်နာဘီနဲ့ ဆိုးဟီဂျူ။
တကယ် လိုက်ဖက်ကြပါပေတယ်။

"ဒါနဲ့ ဒီက သခင်လေးက ဘယ်သူ?...''မေးလိုက်တဲ့
ဆိုးဝမ်ရဲ့စကားမဆုံးသေးပဲ ပြန်ဖြေသော
အိမ်ရှေ့စံ။
(Author-သူ့ရဲ့ယောက်ဖကို ရိုသေတာ😂)
"ယွန်းရဲ့ အစ်ကို လီယန်ပါ''
"အာ..ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်''

'လီယန် ဒီနာမည် ကြားဖူးသလိုပဲ ဘယ်မှာပါလိမ့်
ရင်းနှီးသလိုပဲ....'သူမ စဉ်းစားမရ ။သူမ
ဆက်စဉ်းစား ချင်ပေမယ့်။
"ဟီဂျူ ငါတို့ ဂါအိုစားသောက်ဆိုင် သွားကြမလား''
အစားအသောက် စိတ်ရောက်နေသော ဒယ်နာဘီ
ပြောလိုက်တယ်။
"အမဲသားခေါက်ဆွဲနဲ့ ဆန်အရက် ကောင်းတဲ့
ဆိုင်လေး ဟုတ်တယ်မလား'' ဆိုးဟီဂျူ
တောက်ပစွာ ပြုံးလိုက်တယ်။ အစားအသောက်
ဆို ဘလင်းဘလင်း ထနေသော မျက်လုံးများ
ဖြင့် ။

"မှန်တယ် အဲ့ဆိုင်က အမဲသားခေါက်ဆွဲ အရမ်း
စားလို့ကောင်းတယ် ငါအရမ်းကြိုက်တယ် ''
ပြောရင်းနဲ့ သရေများကျနေသော ဒယ်နာဘီ
"သွားမယ် ဒီနေ့လို နေ့မျိုးမှာ မစားပဲနဲ့ မဖြတ်သန်း
နိုင်ဘူး'' အစားအသောက် မီးလိုတောက်နေသော
စပ်စလူးမလေးများ

သူမတို့ ဂါအိုစားသောက်ဆိုင်လေးသို့
သွားကြလေရဲ့ စားသောက်ဆိုင် ဒုတိယထပ်တွင်
ထိုင်ကြပြီးနောက် အချိန်အနည်းငယ်ကြာ ကိုယ်ရံတော် ဂါအူ ရောက်လာ၍
အိမ်ရှေ့စံ အရင်ထထွက်လာခဲ့တယ်။
ဂျီယွန်းကလဲ
"ငါတို့ ညနေ၆နာရီ လမ်းဆုံမှာ ပြန်ဆုံမယ်''.
ပြောပြီး ထွက်သွားခဲ့တယ်။
ဟီဂျူကလဲ သူမရဲ့ သူငယ်ချင်းနဲ့ အစ်ကိုကို
နီးစပ်စေဖို့ အတွက်
"ကိုကို ညီမလေး ရေအိမ် ခနသွားအုံးမယ်''
ဆိုပြီး ထွက်လာခဲ့တယ်။

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now